Powered by Blogger.

လမ်းပေါ်ကချိုင့်တွေကို ပြုပြင်ကြဖို့အတွက် ကိုယ်တိုင်ဓါတ်ပုံရိုက်ပြီး အသိပေးခဲ့တဲ့ မော်ဒယ်တစ်ဦး





 မိုးတွင်းရောက်ပြီဆိုရင် ကျွန်တော်တို့နိုင်ငံအတွင်းက လမ်းမများပေါ်မှာ ရေကန်ငယ်လေးတွေ ဟိုနေရာမှာနည်းနည်း ဒီနေရာမှာနည်းနည်းနဲ့ ပေါ်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒီနိုင်ငံမှာပဲ ဖြစ်ပေါ်တာမဟုတ်ပါဘူး။ ရုရှားနိုင်ငံက မြို့အချို့မှာလည်း ဒီလို အလားတူဖြစ်ရပ်တွေက ဖြစ်ပေါ်နေလျက်ပါ။ ဒါတွေကို တာဝန်ရှိသူတွေ သိရှိစေနိုင်ဖို့အတွက် စိတ်ကူးကောင်းတဲ့ မော်ဒယ်တစ်ယောက်က ကိုယ်တိုင်ဓါတ်ပုံရိုက်ကူးပြီး အများသိအောင် ကြေညာသွားခဲ့ပါတယ်။

 မော်ဒယ်နဲ့ဖက်ရှင် ဘလော့ဂါတစ်ယောက်ဖြစ်သူ Anna Moskvicheva ဟာ သူ့ကို လူအများက ကောင်းကြီးသြဘာပေးမယ့် ကိစ္စရပ်တစ်ခုကို အကောင်းဆုံး လုပ်ဆောင်သွားနိုင်ခဲ့သူဖြစ်ပါတယ်။ အဒေါ်တော်စပ်သူ နေထိုင်ရာမြို့မှာ ဓါတ်ပုံသွားရောက်ရိုက်ကူးဖို့ စီစဉ်ထားခဲ့တဲ့ Anna Moskvicheva ဟာ သူရဲ့မွေးရပ်မြေ Saratov မြို့မှာ မိုးရွာသည်းမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းမပေါ်မှာ ရေအိုင်ကြီးတွေ ဖြစ်ပေါ်နေတာကို သိရှိလိုက်ပြီး သူမရဲ့အစီအစဉ်ကို ပြောင်းလဲခဲ့လိုက်ပါတယ်။

Anna ဟာ Baywatch ဒီဇိုင်းပုံစံ ချုပ်လုပ်ထားတဲ့ ရေကူးဝတ်စုံအနီရောင်နဲ့ နွေရာသီမှာဆောင်းလေ့ရှိတဲ့ ဦးထုပ်အနီရောင်တို့ကို ဝတ်ဆင်ထားကာ လေထိုးထားတဲ့ ကြိုးကြာနီရုပ်ကို ရေအိုင်ထဲချထားပြီး အရုပ်ပေါ်ကနေ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရခြင်းရဲ့ အကျိုးဆက်ကတော့ Anna ရဲ့ ဓါတ်ပုံတွေဟာ ရုရှားမီဒီယာများဆီ ပျံနှံသွားခဲ့ရပြီး လူအများစုကလည်း သူရဲ့လုပ်ရက်ကို ချီးကျူးဂုဏ်ပြုကြလျက် ရှိနေပါတယ်။

  Anna ရဲ့ဓါတ်ပုံရိုက်ကူးမှု အတော်လေးကို အောင်မြင်မှုရရှိခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ သူအနေနဲ့ သူမရဲ့မွေးရပ်မြေက ကားလမ်းတွေ မကောင်းမွန်တာကို အခုလို လူသိရှင်ကြား သိရှိစေနိုင်ဖို့အတွက် ဓါတ်ပုံဆရာတစ်ဦးကို ငှားရမ်းခဲ့ရပြီး ဓါတ်ပုံရိုက်ကူးမှု ပြုလုပ်နေစဉ်အတွင်းမှာလည်း လမ်းပေါ်ကဖြတ်သွားတဲ့ ကားသမားတွေရဲ့ စိတ်ငြိုငြင်မှုကို ခံစားခဲ့ရပါတယ်။

ဒါပေမယ့် အခက်အခဲတွေကြားကနေ အောင်မြင်မှု ရရှိခဲ့တဲ့ အခြေအနေကြောင့် Anna အနေနဲ့ အခုလို အသိပေးချက်ပါဝင်တဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကို ဆက်လက်ပြုလုပ်သွားဦးမှာဖြစ်ပြီး ယခုလက်ရှိ သူ့အဒေါ်နေထိုင်ရာ Mirny မြို့က ကားလမ်းတွေ ဆိုးရွှားမှုကို ပြသဖို့အတွက် ဓါတ်ပုံရိုက်ကူးမှုတွေ ထပ်မံပြုလုပ်နေလျက် ရှိပါတယ်ခင်ဗျာ။

 VitamiN

 #knowledge.thithtoolwin.com

  Ref:Oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment