Powered by Blogger.

."ဘွဲ့လွန်စာတမ်းကို ရက်ပ်စာသားအဖြစ် ပြောင်းလဲအသက်သွင်းခဲ့ပြီး ဒုတိယအမှတ်များဆုံးရရှိသွားတဲ့ ဟားဗက်ကျောင်းသား".


 Final Thesis ကို ရက်ပ်စာသားအဖြစ် ပြောင်းလဲအသက်သွင်းခဲ့ပြီး ဘွဲ့ရရှိသွားခဲ့တဲ့ ဟားဗက်ကျောင်းသားတစ်ဦး

 လောကထဲက ဘယ်အရာမဆို အနုပညာနဲ့ မလွတ်ကင်းနိုင်ဘူးဆိုတာကို Obasi Shaw လို့အမည်ရတဲ့ ဟားဗက်တက္ကသိုလ်ကျောင်းသားတစ်ဦးက သက်သေပြသွားနိုင်ခဲ့ပါတယ်။ Shaw ဟာ သူရဲ့ Thesis စာတမ်းကို ဟားဗက်တက္ကသိုလ်ရဲ့သမိုင်းကြောင်းတလျောက် ပထမဆုံးအနေနဲ့ Thesis ကို ရက်ပ်စာသားအဖြစ် ပြောင်းလဲအသက်သွင်းခဲ့သူအဖြစ် သတ်မှတ်ခံရပြီး နောက်ဆုံးမှာတော့ ဘွဲ့လက်မှတ်ကိုပါ ရရှိသွားခဲ့သူဖြစ်ပါတယ်။

 အသက်နှစ်ဆယ်အရွှယ်ရှိ ဟားဗက်တက္ကသိုလ်ကျောင်းသား Obasi Shaw ဟာ သူရဲ့ဘွဲ့ကြိုစာတမ်းများကို တေးသီချင်းဆယ်ပုဒ်စာခန့်အထိရအောင် ပြောင်းလဲရေးသားခဲ့ပြီး Liminal Minds လို့အမည်ပေးထားတဲ့ ရက်ပ်အယ်ဘမ်အဖြစ် တစ်နှစ်အတွင်းမှာပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ Shaw ဟာ ၁၄ရာစုနှစ်အတွင်း Geoffrey Chaucer ရဲ့ မျိုးပွားမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာများထဲကမှ ဇာတ်ကောင်တစ်ချင်းစီရဲ့ရှုထောင့်အသီးသီးကို ရက်ပ်စာသားတွေအဖြစ် ပြောင်းလဲခဲ့လိုက်တာဖြစ်ပါတယ်။

 Shaw ကို အခုလို အလန်းစားဖန်တီးမှုလေးဖြစ်အောင် အကြံပေးခဲ့သူကတော့ Shaw ရဲ့ မိခင်ဖြစ်ပြီး Shaw က အိမ်မှာ အမြဲလိုလို ရက်ပ်စာသားတွေ ရေးစပ်သီကုံးနေတာကို သူ့မိခင်က သတိထားမိရာကနေ ဘွဲ့ကြိုစာတမ်းကိုလည်း ရက်ပ်စာသားနဲ့ ရေးသားကြည့်ဖို့ အကြံပြုလိုက်တာဖြစ်ပါတယ်။ အခုဆို Shaw ဟာ သူရဲ့ ဖန်တီးမှုကြောင့် ဌာနရဲ့ဒုတိယအမြင့်ဆုံးရမှတ်နဲ့ ဘွဲ့ရရှိသွားခဲ့သလို ဟားဗက်တက္ကသိုလ်ရဲ့ သမိုင်းစာမျက်နှာမှာလည်း မှတ်ကျောက်တင်ခံရတော့မှာဖြစ်ပါတယ်။

 Shaw ရဲ့ ဖန်တီးမှုစွမ်းအားနဲ့ပတ်သက်ပြီး ဟားဗက်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာ ကထိကလည်းဖြစ် Shaw ရဲ့ Thesis ကို အကြံပေးသူလည်းဖြစ်တဲ့ Josh Bell ကတော့ Shaw ရဲ့ ဖန်တီးနိုင်မှုဟာ ဘွဲ့တစ်ခုကို ရရှိစေရုံသာမကပဲ အနုပညာရှင်တစ်ယောက်ရဲ့စွမ်းရည်ကိုပါ ချပြသွားခဲ့သလို ဖြစ်စေနိုင်ခဲ့တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Shaw ဟာ ဘွဲ့ရရှိသွားခဲ့ပြီဖြစ်လို့ သိပ်မကြာခင် အချိန်ပိုင်းအတွင်း ကမ္ဘာကျော်ကုမ္မဏီ Google မှာ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်တော့မှာဖြစ်ပါတယ်။ တကယ်လို့များ Shaw သာ ဂီတလောကထဲကို ဝင်ရောက်လာမယ်ဆိုရင်တော့ ရက်ပ်ဂီတလောကအတွက် အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက် ထွက်ပေါ်လာသလို ဖြစ်နိုင်ပါတယ်။ Shaw ရဲ့ စွမ်းရည်တွေကို သိရှိချင်ရင်လည်း Soundcloud မှာ ရှာဖွေနားဆင်နိုင်ပါတယ်ခင်ဗျာ။

 VitamiN

#knowledge.thithtoolwin.com

  Ref:elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment