Powered by Blogger.

Kopi Joss သို့မဟုတ် မီးသွေးခဲပူပူကြီးကို ထည့်သွင်းပေးထားတဲ့ ကော်ဖီတစ်မျိုး





 ကော်ဖီအရသာ အသစ်အဆန်းကိုမှ ရှာဖွေသောက်ကြည့်ချင်တဲ့ ကော်ဖီချစ်သူများအတွက် Kopi Joss ဆိုတဲ့ အင်ဒိုနီးရှားက ဂျားဗားကော်ဖီတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကော်ဖီရဲ့ ထူးခြားချက်ကတော့ ကော်ဖီခွက်အတွင်းမှာ မီးဖိုကနေ ချက်ချင်းယူလာတဲ့ မီးသွေးခဲတစ်တုံးကို ထည့်သွင်းပေးထားတာကြောင့်ပဲဖြစ်ပါတယ်။

 ဒီလို ထူးခြားတဲ့ Kopi Joss ကော်ဖီကို ၁၉၆၀ခုနှစ်လောက်ကတည်းက Mr. Man ဆိုသူ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးမှ စတင်တီထွင်ခဲ့လိုက်တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Mr. Man တီထွင်ခဲ့တဲ့ Kopi Joss ကော်ဖီကို Alex ဆိုသူ ကော်ဖီဆိုင်ရှင်တစ်ဦးက Yogyakarta မြို့မှာ ဆက်လက်ရောင်းချနေတာဖြစ်ပါတယ်။ Kopi Joss ဟာ ထူးခြားဆန်းပြားတဲ့ ကော်ဖီတစ်မျိုးဖြစ်နေတာကြောင့် Yogyakarta မြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်များကို အဆွဲဆောင်နိုင်ဆုံးအရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

Kopi Joss ကို တီထွင်ခဲ့တဲ့ Mr. Man ဆိုသူဟာ ဒီကော်ဖီကို ရောင်းချဖို့အတွက် ရည်ရွှယ်ပြီး ဖန်တီးခဲ့တာမဟုတ်ပဲ သူ့ကိုအမြဲဒုက္ခပေးနဲ့ အစာအိမ်ဝေဒနာမှ သက်သာစေနိုင်ဖို့အတွက် ကော်ဖီထဲမှာ ပူလောင်နေတဲ့ မီးသွေးတုံးကြီး ထည့်သွင်းသောက်သုံးကြည့်ရာ ရောဂါသက်သာလာတာကြောင့် နောက်ပိုင်းမှ ရောင်းချဖို့အထိ ဆုံးဖြတ်ခဲ့လိုက်တာပဲဖြစ်ပါတယ်။

 မီးသွေးနဲ့ ပေါင်းစပ်ထားတဲ့ Kopi Joss ကော်ဖီရဲ့ အာနိသင်တွေကတော့ ဖောရောင်မှု ၊ မအီမသာဖြစ်မှု ၊ ပျို့အန်ချင်မှု ၊ ရင်ပူရင်ဆာဖြစ်မှုနဲ့ ဝမ်းလျောမှုတို့ကို သက်သာစေနိုင်တာပဲဖြစ်ပါတယ်။ Kopi Joss ကော်ဖီရဲ့အရသာဟာ သာမာန်ဂျားဗားကော်ဖီရဲ့ အရသာအတိုင်း အပြောင်းအလဲ သိပ်မရှိပေမယ့် အနည်းငယ်လေး ပေါ့နေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုကောင်းတာကတော့ Kopi Joss ကော်ဖီမှာ ကာဖိန်းဓါတ်ပါဝင်မှုက တခြားကော်ဖီတွေထက် ပမာဏလျော့နည်းနေတာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဒီကော်ဖီရဲ့ အထူးရှယ် ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ မီးသွေးခဲက ကော်ဖီအတွင်းမှာပါဝင်တဲ့ ကာဖိန်းဓါတ်တွေကို စုပ်ယူလိုက်လို့ဖြစ်ပါတယ်။ ဒါ့အပြင် မီးသွေးခဲက ကော်ဖီအတွင်းမှာပါဝင်တဲ့ အက်ဆစ်ဓါတ်တွေကို ဆန့်ကျင်ဘက် အာနိသင်အဖြစ် ပြောင်းလဲပေးလိုက်တာကြောင့် အစာအိမ်ကိုလည်း မထိခိုက်နိုင်စေပါဘူး။ ဒီလို ထူးခြားပြီး အကျိုးအာနိသင်ရှိတဲ့ Kopi Joss ကော်ဖီကို တစ်ခွက် လေးထောင် rupiah ( အင်ဒိုနီရှားငွေကြေး ) နဲ့ ရောင်းချပေးနေပါတယ်ခင်ဗျာ။

 VitamiN

#knowledge.thithtoolwin.com

  Ref.Oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment