Powered by Blogger.

လူအပါအဝင် မြင်မြင်သမျှ အရာများစွာနဲ့ ဓါတ်မတည့်မှု ဖြစ်ပေါ်နေတဲ့ အမျိုးသမီးတစ်ဦး



 အချိန်ပေါင်းများစွာ ယိုစိမ့်နေတဲ့ ဓါတ်ငွေ့တွေကို ရှုရှိုက်မိခဲ့တဲ့ အမျိုးသမီးတစ်ဦဟာ သူမရဲ့ခနာကိုယ်အတွင်းက ကိုယ်ခံအားစနစ်ကို ဆိုးရွှားစွာ ထိခိုက်စေခဲ့ပြီးနောက် အစားအစာများ ၊ ရေ ၊ အ၀တ်အစား ၊ နည်းပညာပစ္စည်းများနဲ့ လျှပ်စစ်သံလိုက်လှိုင်းများအပါအဝင် လူတွေနဲ့ပါ ထိတွေ့လို့ မရနိုင်လောက်အောင်ကို ဓါတ်မတည့်မှုဖြစ်စဉ်တွေ ဖြစ်လာခဲ့ရပါတယ်။

 ထိုအမျိုးသမီးဟာ အသက်သုံးဆယ်အရွှယ်ရှိ ချီလီနိုင်ငံဖွား သရုပ်ဆောင်မင်းသမီး Pilar Olave ဖြစ်ပြီး လက်ရှိ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ Pilar Olave ဟာ ကမ္ဘာလောကကြီးနဲ့ အဆက်သွယ်ဖြတ်ပြီး သူမရဲ့ကိုယ်ပိုင်အခန်းလေးအတွင်းမှာ သီးသန့်နေထိုင်နေရတာဆိုရင် နှစ်နှစ်ခန့်လောက်ရှိပြီဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဓာတုပစ္စည်းတွေ ၊ အစားအစာတွေနဲ့ လူတွေဆီမှာရှိတတ်တဲ့ ဘက်တီရီးယားပိုးမွှားတွေတို့ကြောင့် Pilar Olave ဟာ မကြာခဏ ခေါင်းကိုက်ခြင်း ၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်း ၊ မအီမအာဖြစ်ခြင်းနဲ့ ဝမ်းဗိုက်အောင့်ခြင်းတို့လို ဓါတ်မတည့်မှုဖြစ်ရပ်တွေကို ခံစားရပါတာကြောင့်ဖြစ်ပါတယ်။ ဒီလိုဝေဒနာတွေ ခံစားရတတ်တာကြောင့် Pilar Olave ဟာ သူရဲ့ခင်ပွန်းသည်နဲ့ အကြင်နာပေးလို့ မရသလို သူရဲ့ဆွေမျိုးသားချင်းတွေနဲ့ ထိတွေ့ဆက်ဆံခွင့် မရရှိခဲ့ပါဘူး။

 ဒီဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကနေ စတင်ဖြစ်ပွားခဲ့တာဆိုပေမယ့် ဘာကြောင့်ဖြစ်ပွားခဲ့သလဲဆိုတာ အဖြေမရှာနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။ အချိန်တော်တော်လေး ကြာသွားတဲ့အခါမှ Pilar Olave ရဲ့ ရောဂါဝေဒနာတွေဟာ သူမအိပ်ခန်းရဲ့ ကြမ်းပြင်အောက်မှာရှိတဲ့ ဓါတ်ငွေ့ပိုက်လိုင်းမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ရတယ်ဆိုတာကို Pilar Olave မိသားစုများက သိရှိသွားခဲ့ပါတယ်။ အခုဆို Pilar Olave ရဲ့ သီးသန့်ထားရှိပေးထားပြီး တစ်ခန်လုံးကို သန့်ရှင်းလတ်ဆတ်လေတွေ ၂၄နာရီလုံး ထုတ်လွှင့်ပေးထားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Pilar Olave အနေနဲ့ ယခင်ကထက် လမ်းကောင်းကောင်းလျှောက်နိုင် စကားကောင်းကောင်းပြန်ပြောနိုင်ပြီး အစားအစာတစ်ချို့ကိုလည်း ပြန်လည်စားသောက်နိုင်ပါတယ်။ ဒါပေမယ့် Pilar Olave ရဲ့ ရောဂါကုထုံးက အတော်လေးကို ဈေးမြင့်မားနေတာကြောင့် အမြဲတမ်းကုသပေးဖို့ အခက်အခဲရှိနေအတွက် အလှူရှင်များကို Pilar Olave မိသားစုကနေ စောင့်မျှော်လျက်ရှိနေပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

  Ref:Oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment