Powered by Blogger.

ပေါင်နှစ်ဆယ်လောက်ရှိတဲ့ ထမင်းနဲ့ဟင်းကို တစ်နာရီအတွင်း အကုန်စားနိုင်ရင် ဒေါ်လာကိုးရာပေးမယ့် စားသောက်ဆိုင်





 သင်က အစားသောင်းကျန်းသူတစ်ယောက်လား။ နောက်ပြီး အစားများများကိုလည်း စားချင်ပေမယ့် အိတ်ကပ်ထဲမှာ ပိုက်ဆံအလုံအလောက် မပါနေလို့ စိတ်ညစ်နေရသူလား။ ဒါဆိုရင်တော့ သင့်အတွက် လုံးဝအဆင်ပြေသွားစေမယ့် စားသောက်ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်။

 ဒီစားသောက်ဆိုင်ကတော့ ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စုမှာရှိတဲ့ Gold Curry ဆိုတဲ့ ဂျပန်အစားအစာဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်ကနေ သူတို့ချက်ပြုတ်ထားတဲ့ ထမင်းနဲ့ဟင်း ပေါင်နှစ်ဆယ်ခန့်ကို သင်အနေနဲ့ တစ်နာရီအတွင်း ကုန်သွားအောင်စားပြနိုင်မယ်ဆိုရင် အစားအသောက်ဖိုးလည်း တစ်ပြားမှကောက်ခံမှာမဟုတ်သလို သင့်ကို ဆုကြေးအနေနဲ့ ဒေါ်လာကိုးရာကိုပင် ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီလို ဒေါ်လာကိုးရာရဖို့ဆိုတာကလည်း တော်တော်လေးကို ခဲယဉ်းပြီး ဘယ်သူမှ မစားနိုင်တာကြောင့် အခက်အခဲဆုံး အစားအသောက်ပြိုင်ပွဲလို့တောင် FoodChallenges.com ကနေ သတ်မှတ်ထားပါသေးတယ်။ ပေါင်နှစ်ဆယ်လောက်ရှိတဲ့ ထမင်းနဲ့ဟင်းတွေကို အစားအသောက်ချန်ပီယံကြီးတစ်ယောက်ဖြစ်တဲ့ Joey Chestnut ကိုယ်တိုင် လက်မြောက်အရှုံးပေးထားတာပဲဖြစ်ပါတယ်။

 ဒါပေမယ့် စိတ်ဓါတ်ကျစရာတော့ မလိုပါဘူး။ သင့်အစာအိမ်နဲ့ ဆံ့နိုင်မယ့် ပြိုင်ပွဲငယ်လေးတွေလည်း Gold Curry မှာ ရှိလို့နေပါတယ်။ သင့်အနေနဲ့ နှစ်ကီလိုဂရမ်ရှိတဲ့ ထမင်းနဲ့ဟင်းကို ၁၅မိနစ်အတွင်း ကုန်အောင်စားပြနိုင်မယ်ဆိုရင်တော့ အစားအစာဖိုး ၁၈ဒေါ်လာ ပေးချေဖို့ကနေ လွတ်ကင်းနိုင်မှာဖြစ်ပြီး လေးကီလိုဂရမ်ရှိတဲ့ ထမင်းနဲ့ဟင်းကို နာရီဝက်အတွင်း ကုန်အောင်စားနိုင်မယ်ဆိုရင် ၃၁ဒေါ်လာ ပေးချေစရာ မလိုတော့ပဲ ဖြစ်သွားပါမယ်။

 ဒီလိုနဲ့ ကီလိုဂရမ်တွေ တဖြည်းဖြည်းချင်း အဆင့်တတ်တတ်ကာ စားသုံးသွားနိုင်ပါတယ်။ တကယ်လို့များ စိတ်ဝင်စားလို့ သွားစားချင်တယ် ဒါပေမယ့် ဂျပန်နိုင်ငံကိုသွားဖို့ ခက်နေတယ်ဆိုလည်း စိတ်မပူပါနဲ။ Gold Curry ရဲ့ ဆိုင်ခွဲကို ကျွန်တော်တို့နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းမှာလည်း ဖွင့်လှစ်ထားလျက်ရှိပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

  Ref: Oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment