ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ယာဉ်လမ်းကြောတွေ ပိတ်ဆို့မှု လျှော့နည်းစေနိုင်ဖို့အတွက် မိုးပျံတံတားတွေ တည်ဆောက်ခဲ့တာ အားလုံးအသိပါပဲ။ ဒီလိုပါပဲ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း ၁၉၇၀ခုနှစ်လောက်က မိုးပျံတံတတားတစ်စင်းကို တည်ဆောက်ခဲ့ပါတယ်။
ဒီတံတားကြီး ဆယ်စုနှစ်သုံးခုနီးပါးလောက် သုံးစွဲခဲ့တာဖြစ်လို့ တံတားရဲ့ ခံနိုင်ရည်ဝန်တွေဟာ တဖြည်းဖြည်းလျှော့နည်းခဲ့လာတဲ့အတွက် ၂၀၁၅ခုနှစ်လောက်မှာ တံတားကြီးကို ဖြိုချဖျက်ဆီးဖို့ ကိုရီးယားအင်ဂျင်နီယာများက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် တံတားကြီးကို မဖျက်ဆီးခင် တစ်နှစ်အလိုမှာတော့ ဆိုးလ်မြို့တော်ဝင် ပတ်ဝင်ဆန်းက စိတ်ကူးတစ်မျိုးပြောင်းလဲသွားခဲ့ပြီး တံတားကြီးကို ဖျိုချဖျက်ဆီးမယ့် အစီအစဉ်ကို ရုတ်သိမ်းခဲ့လိုက်ပါတယ်။
ဆိုးလ်မြို့တော်ဝင်ဟာ မီတာထောင်ချီရှည်တဲ့ မိုးပျံတံတားကြီးကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ High Line ပန်းခြံအတိုင်းဖြစ်အောင် ဖန်တီးခဲ့လိုက်တာဖြစ်ပါတယ်။ High Line ပန်းခြံဟာ ကြောက်စရာကောင်းပြီး ခံနိုင်ရည်အားနည်းနေတဲ့ ရထားလမ်းမကြီးကို ပန်းခြံအဖြစ် ပြောင်းလဲထားခဲ့တဲ့ မိုးပျံပန်းခြံတစ်ခုဖြစ်ပါတယ်။
ဆိုးလ်မြို့တော်ဝန်က ဖျက်ချတော့မယ့် မိုးပျံတံတားကို High Line ပန်းခြံအတိုင်းဖြစ်အောင် ပန်းအမျိုးအစားကွဲပေါင်း ၂၂၈မျိုးခန့်ကို တံတားပေါ်မှာ အလှဆင်စိုက်ပျိုးပေးထားပါတယ်။ Seoullo 7017 အမည်ပေးထားတဲ့ ဆိုးလ်မြို့က မိုးပျံပန်းခြံတံတားကြီးမှာ လမ်းသွားလမ်းပေါင်း ၁၇လမ်းအထိရှိပြီး မြို့တော်ရဲ့ အရေးပါဆုံးနေရာများနဲ့လည်း တစ်ဆက်တည်းဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် ဆိုးလ်မြို့သားများအနေနဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ Seoullo 7017 တံတားပေါ်မှာ အချိန်မရွှေး လမ်းလျှောက်နိုင်သလို ယာဉ်အန္တရာယ်နဲ့လည်း ကင်းကွာပြီး စိတ်အေးချမ်းသာစွာ လမ်းလျှောက်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref
0 comments:
Post a Comment