Powered by Blogger.

ကျောင်းပညာရေးကနေ ဆုတံဆိပ်ပေါင်းနှစ်ရာကျော်အထိ ရရှိထားခဲ့တဲ့ ဖိလစ်ပိုင်ကျောင်းသူလေး



  ကျောင်းပညာရေးမှာ ထူးချွန်ထက်မြက်တဲ့ ကလေးတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို လှပအောင် ဖန်တီးနိုင်ကြပါတယ်။ ဒီလိုပါပဲ ဖိလစ်ပိုင်နိုင်ငံသူလေးဖြစ်တဲ့ April ဟာလည်း သူမရဲ့ကျောင်းပညာရေးမှာ ထူးချွန်ထက်မြက်လွန်းလို့ တိုင်းတပါးမှာ ပညာတော်သင်သွားဖို့ ရှိနေသလို သူမရဲ့ကြိုးစားမှုဟာလည်း အင်တာနက်စာမျက်နှာပေါ်များအထိပါ ပေါက်ရောက်သွားခဲ့ရပါတယ်။

 ဒီလို အင်တာနက်ပေါ်မှာ လူသိများသွားရတာက April ဟာ သူမရဲ့ကျောင်းသူသက်တမ်းတလျှောက် ဆွတ်ခူးရရှိခဲ့တဲ့ ဆုတံဆိပ်များစွာကို ဓါတ်ပုံရိုက်ပြီး သူမရဲ့လူမှုကွန်ယက်များပေါ်မှာ တင်ခဲ့လိုက်လို့ပဲဖြစ်ပါတယ်။ April ရရှိခဲ့တဲ့ ကျောင်းပညာရေး ဆုတံဆိပ်များဟာ အရေအတွက်အားဖြင့် အခုနှစ်ရာကျော်တာတောင် အရမ်းကိုစာတော်တဲ့ မိန်းကလေးအဖြစ်နဲ့ အင်တာနက်ပေါ်မှာ နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။

အသက် ၁၆နှစ်သာရှိသေးတဲ့ April လေးဟာ Grade 1 ကနေ Grade 10 အထိ နှစ်စဉ်တိုင်း အဆင့်တစ်တွေချည်းပဲ အမြဲတမ်းရရှိခဲ့သလို သချာင်္နဲ့သိပံညဏ်စမ်း မေးခွန်းပြိုင်ပွဲများမှာပါ ပထမဆုတွေ ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ ကျောင်းပေါင်းစုံပြိုင်ပွဲအရပ်ရပ်များမှာလည်း April က သူမကျောင်းအတွက် အမြဲတမ်းလိုလို ဆုတံဆိပ်တွေ ရယူပေးနိုင်ခဲ့ပါတယ်။

 ဒီလို ပညာရေးမှာ ထူးချွန်ခဲ့တဲ့ April လေးဟာ ညဏ်ရည်ကောင်းရုံသာမကပဲ သူမရဲ့လှပမှုကြောင့် ကျောင်းတွင်းမှာပြုလုပ်တဲ့ မယ်ပြိုင်ပွဲတွေမှာပါ သရဖူများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ April လေးဟာ သူမရဲ့ တက္ကသိုလ်ပညာရေးအတွက် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကို သူမရဲ့မိသားစုနဲ့အတူ ပြောင်းရွှေ့နေထိုင်ပြီး ပညာသွားသင်တော့မှာဖြစ်ပါတယ်။ သူမအနေနဲ့ နိုင်ငံခြားမှာ ပညာသင်ပြီးသွားရင်လည်း အမိမြေကိုပြန်လာပြီး နိုင်ငံအတွက် အားကိုးရတဲ့ ပညာတတ်တစ်ယောက်အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွှက်ပေးသွားမယ်လို့ April ဘက်ကနေ ဆုံးဖြတ်ချက်ထားမှာ သေချာပါတယ်ခင်ဗျာ။

   VitamiN

   #knowledge.thithtoolwin.com

   Ref:elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment