မိခင်မေတ္တာဆိုတာ ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် ကြီးမားလှပါတယ်။ ဒါကြောင့်လည်း မိခင်မေတ္တာတရားနဲ့ပတ်သက်ပြီး စိတ်ချမ်းမြေ့ဖွယ်သတင်းတွေ မကြာခဏ ထွက်ပေါ်လာနေတတ်တာ အားလုံးအသိပါပဲ။ ဒါပေမယ့် အခုလက်ရှိ ထွက်ပေါ်ထားတဲ့ သတင်းတစ်ခုမှာတော့ မိခင်တစ်ဦးရဲ့ ရက်စက်မှုတွေကိုသာ မြင်တွေ့ခံစားသွားခဲ့ရပါတယ်။
ဒီသတင်းကတော့ မကြာသေးခင်ရက်ပိုင်းကမှ တရုတ်နိုင်ငံမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကလေးမိခင်တစ်ဦးဟာ သူရဲ့ရင်သွေးငယ်လေးကို ကားပါကင်ဝင်းအတွင်းက ထောင့်လေးတစ်ထောင့်မှာ စွန့်ပစ်သွားခဲ့တဲ့ စိတ်ထိခိုက်ဖွယ် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ထိုအမျိုးသမီးရဲ့ ရက်ရက်စက်စက်လုပ်ရပ်များဟာ ကားပါကင်ဝင်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာများကနေတစ်ဆင့် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ကလေးကိုပစ်သွားခဲ့တဲ့ အမျိုးသမီးဟာ ကားပါကင်အတွင်းကို ဝင်လာချင်းမှာပဲ ပတ်ဝန်းကျင်ကို မကြာခဏ အကဲခတ်နေပြီး စိတ်ချရတဲ့ အနေအထားကိုရောက်ရှိနေချိန်မှာ သူရဲ့ကလေးကို ပစ်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလို မိခင်ရဲ့စွန့်ပစ်သွားခြင်းကို ခံခဲ့ရတဲ့ ကလေးငယ်လေး လေးဖက်ထောက်သွားလာနေတာကို ကားပါကင်ဝင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက တွေ့ရှိသွားခဲ့ပြီး ရဲစခန်းကို သွားရောက်အပ်နှံပေးခဲ့လိုက်ပါတယ်။
ဒီရုပ်သံသတင်းဟာ တရုတ်နိုင်ငံအတွင်းက မီဒီယာများ လူမှုကွန်ယက်များပေါ်တွင်သာမကပဲ ကမ္ဘာတဝန်းလုံးအထိပါ ပျံနှံသွားခဲ့တာဖြစ်ပါတယ်။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်မသွားဘူးဆိုတဲ့ ကျွန်တော်တို့မြန်မာစကားပုံလို ဘယ်မိဘကမှ သားသမီးကို ဘာကြောင့်ဖြစ်ဖြစ် စွန့်ပစ်လေ့မရှိဘူး။ စွန့်ပစ်ခဲ့ပြီဆိုရင် ဒါဟာ ခွင့်မလွတ်သင့်တဲ့ လုပ်ရက်တစ်ခု သို့မဟုတ် ရာဇဝတ်မှုတစ်ခုလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment