Powered by Blogger.

ဆံပင်ရွှေရောင်ဆိုးထားသူများသာ တတ်ရောက်ခွင့်ရခဲ့တဲ့ ထူးထူးဆန်းဆန်း ညစာစားပွဲ




အနာဂတ်ကာလမှာ ဖြစ်ပေါ်လာမယ့် ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးလို့ ကိုယ်ကိုကိုယ်သတ်မှတ်ထားတဲ့ အငြင်းပွားစဖွယ် MLM ( Multi-Level Marketing ) ကုမ္မဏီပိုင်ရှင်တစ်ဦးဖြစ်တဲ့ Zhang Jian ဟာ မလေးရှားနိုင်ငံအတွင်းမှာ ထူးဆန်းတဲ့ စားသောက်ကျွေးမွေးပွဲကြီးတစ်ခု ပြုလုပ်ကျင်းပသွားခဲ့ပါတယ်။

 လူတစ်ဦးကို မလေးရှားငွေကြေး ရင်းဂစ်နှစ်ရာလောက် ကျသင်မယ့် စားသောက်ပွဲကို Zhang Jian ရဲ့ ကုမ္မဏီကနေ ရက်ရက်ရောရောကို ကျွေးမွေးခဲ့တာဖြစ်ပေမယ့် ဒီပွဲကို အခမဲ့တတ်ရောက်နိုင်ဖို့က စည်းမျဉ်းလေးတစ်ခုကို လိုက်နာဖို့ လိုအပ်နေပါတယ်။ Zhang Jian  ပြုလုပ်ပေးခဲ့တဲ့ ညစာစားပွဲကို အခမဲ့လာရောက်စားသုံးလိုသူဟာ ခေါင်းတစ်ခေါင်းလုံးကို ရွှေရောင်ဆိုးထားရမယ်ဆိုတဲ့ စည်းကမ်းချက်တစ်ခုကို ထုတ်ပြန်ထားခဲ့ပြီး တကယ့်ကျွေးမွေးတဲ့နေ့မှာလည်း ဆံပင်ရွှေရောင်ဆိုးထားသူပေါင်း အယောက်တစ်ထောင်ကျော် တတ်ရောက်လာခဲ့ကြပါတယ်။


တချို့ကလည်း ကိုယ်ပိုင်ကားများနဲ့ပင် ရောက်ရှိလာခဲ့ကြသလို တချို့ကလည်း ဘတ်စ်ကားများနဲ့ လာရောက်ခဲ့ကြပါတယ်။ ဒီလို တကူးတက လာရောက်ခဲ့ကြသူများဟာ ညစာသက်သက် စားသောက်ရုံသာမဟုတ်ပဲ Zhang Jian ရဲ့ကုမ္မဏီကနေ ကံစမ်းပေးမယ့် မလေးရှားရင်းဂစ်တစ်ထောင်ကို ကံစမ်းချင်တဲ့အတွက် လာရောက်ခဲ့ကြတာဖြစ်ပြီး လူတချို့ဆိုရင် Zhang Jian ရဲ့ပုံတူကိုပါ တတ်တူးတောင် ရေးထိုးလိုက်ကြပါသေးတယ်။

 တကယ်တော့ Zhang Jian ဟာ ကျွန်တော်ရှေ့ဆုံးက ရေးသားဖော်ပြခဲ့သလို အငြင်းပွားစရာတွေ ဖန်တီးခဲ့သူတစ်ဦးဖြစ်ခဲ့နေတာ အထင်အရှားဖြစ်ပြီး ၂၀၁၄ခုနှစ်တုန်းကလည်း တရုတ် ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရှိ လူများဆီကနေ ငွေကြေးပေါင်း အမေရိကန်ဒေါ်လာ ၁၄၁သန်းလောက် လိမ်လည်ယူဆောင်သွားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် အခုကျွေးမွေးပြုလုပ်ခဲ့တဲ့ ထူးထူးခြားခြား စတုဒီသာပွဲကြီးအပြီး နှစ်ရက်အကြာမှာပဲ Zhang Jian  ကို အင်ဒိုနီးရှားနိုင်ငံမှာ ထပ်မံဖမ်းဆီးရမိခဲ့ပြီး သံသယဖြစ်ဖွယ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မှုဖြင့် တရုတ်နိုင်ငံကို လွဲပြောင်းပေးအပ်ခဲ့ပါတယ်။

 အခုဆို Zhang Jian ရဲ့ ကုမ္မဏီဝက်ဆိုဒ် ysmwxb.com မှာလည်း တရားဝင် ပိတ်သိမ်းလိုက်ရပြီဖြစ်လို့ ဒီကုမ္မဏီမှာ ရင်းနှီးမြှပ်နှံထားခဲ့သူ မလေးရှားလူမျိုး ငါးထောင်လောက်က သူတို့ပိုက်ဆံတွေကို ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေလျက် ရှိနေပါတယ်ခင်ဗျာ။

  VitamiN

 #Knowledge.thithtoolwin.com

  Ref: Oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment