အမေရိကန်နိုင်ငံ အမျိုးသမီးတစ်ဦးဟာ ၁၃ပေါင်နဲ့ ၅အောင်စလောက်အထိ ထူးထူးခြားခြား အလေးချိန်ရှိနေတဲ့ ရင်သွေးငယ်လေးတစ်ဦးကို အောင်မြင်စွာနဲ့ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
Chrissy Corbitt ဆိုသူ အမျိုးသမီးတစ်ဦးဟာ သူရဲ့သမီးငယ်လေးကို ကိုယ်ဝန်လွယ်ထားကတည်းက သူမရဲ့ဝမ်းဗိုက်ဟာ သာမာန်ထက်ကို ပိုကြီးမားလို့နေတာပဲဖြစ်ပါတယ်။ အခုတော့ သူရဲ့မွေးခါစ သမီးငယ်လေးဟာ လမ်းလျှောက်ခါစ ကလေးတစ်ဦးရဲ့ အရွှယ်အစားလောက်အထိကို ရှိလို့နေတာပဲဖြစ်ပါတယ်။ Carleigh လို့ နာမည်ပေးထားတဲ့ ရင်သွေးငယ်လေးဟာ သတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး မွေးဖွားလာခဲ့တာဖြစ်ပြီး ဗိုက်ခွဲမွေးဖွားခဲ့ရတဲ့ ကလေးတစ်ဦးလည်းဖြစ်ပါတယ်။ ကလေးငယ်လေးနဲ့ပတ်သက်ပြီး ကလေးမိခင်က Chrissy Corbitt က " ကျွန်မဆီကနေ သမီးလေး ထွက်လာပြီးနောက်မှာ ထူးထူးဆန်းဆန်းပဲ ဆရာဝန်တွေဆီကနေ ရယ်မောသံတွေ ကြားလိုက်ရတော့ ကျွန်မတောင် တော်တော်ကြောင်သွားတယ်။
ပြီးတော့ ကလေးရဲ့အလေးချိန်ကို တိုင်းတာပြီး ၁၃ပေါင်နဲ့ ၅အောင်စရှိတော့လို့ ပြောလိုက်တော့ ကျွန်မ လုံးဝမယုံနိုင်လောက်အောင် အံသြသွားခဲ့ရပါတယ်။ ကျွန်မဗိုက်ထဲကနေ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ကို မွေးဖွးခဲ့သလို ခံစားခဲ့ရပါတယ် " လို့ ပြောဆိုခဲ့ပါတယ်။
ဧရာမလေးလံတဲ့ ကလေးငယ်လေးကို မွေးဖွားပြီးနောက်မှာ ကလေးရဲ့ဖခင်ဖြစ်သူကလည်း ကလေးရဲ့ ကိုယ်အလေးချိန်ကြောင့် တော်တော်လေးကို အဆန်းတကြယ် ဖြစ်သွားခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ခဲ့ပါတယ်။ ကလေးဖခင်က " ကျွန်တော့်သမီးလေးကို ကလေးနှစ်ယောက်စာလောက် အလေးချိန်မျိုးဖြစ်နေတော့ တစ်ယောက်တည်းနဲ့ အမြွှာလေးမွေးလာသလားလို့တောင် ထင်ရစေပါတယ်။ သူရဲ့ကြီးထွားဖွံဖြိုးက ဆက်တိုက်ကို ဖြစ်နေမှာလည်း သေချာပါတယ် " လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
#Knowledge.thithtoolwin.com
Ref
0 comments:
Post a Comment