Powered by Blogger.

အပြာမင်းသမီးဘဝကို မစွန့်လွှတ်နိုင်တဲ့ သူငယ်တန်းပြဆရာမကို အလုပ်ထုတ်ခဲ့



 သူငယ်တန်းပြဆရာ ဆရာမတွေဟာ ငယ်ရွှယ်နုနယ်သေးတဲ့ ကလေးငယ်များအတွက်တော့ ဒုတိယမိဘတွေပဲဖြစ်ပါတယ်။ ဒီအရွှယ်မှာ ကလေးငယ်လေးတွေရဲ့ အနာဂတ်အတွက် ပုံစံလောင်းရတာဖြစ်လို့ သတိထားကိုင်တွယ်သင့်ပါတယ်။ ဒါကြောင့် မူလတန်းဆရာတစ်ယောက်ရဲ့တာဝန်ဟာ အတော်လေးကို ကြီးမားနေပါတယ်။ ဒါပေမယ့် အခုဖော်ပြေပေးသွားမယ့် ဆရာမတစ်ဦးကတော့ ကလေးတွေကို စာသင်ပေးတဲ့အလုပ်ကိုလည်း လုပ်ကိုင်လျက်ရှိသလို စာသင်တဲ့အလုပ်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အပြာရုပ်ရှင်ကား ရိုက်ကူးတဲ့အလုပ်ကိုပါ ပူးတွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။

Nina Skye အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းက တည်ထောင်ထားတဲ့ မူလတန်းကျောင်းမှာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ Skye ဟာ ကလေးငယ်လေးတွေကို သင်ကြားပြသရတဲ့ အလုပ်ပေါ်မှာ ပျော်မွေ့သူဖြစ်ပေမယ့် သူမရဲ့နောက်ထပ် အလုပ်တစ်ခုကတော့ တော်တော်လေးကို ထူးခြားစွာ ကွဲပြားနေလျက်ရှိပါတယ်။

Skye ဟာ မူလတန်း ကျောင်းဆရာအဖြစ် လုပ်ကိုင်နေစဉ်အတွင်း တစ်ဖက်မှာလည်း သူမကို ဝင်ငွေအများကြီး ရရှိစေနိုင်တဲ့ အပြာရုပ်ရှင်လောကမှာပါ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ရခြင်းဟာ စာသင်ခြင်းကနေ ရရှိလာတဲ့ ဝင်ငွေက သူမအတွက် လုံးဝလုံလောက်မှု မရှိတာကြောင့်ဖြစ်တယ်လို့ Skye က ဝန်ခံပြောဆိုထားပါတယ်။

 Skye က အပြာလောကကို စတင်ဝင်ရောက်ခြင်းမှာပဲ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးမှုကနေ အမေရိကန်ဒေါ်လာ နှစ်ထောင့်ငါးရာအထိ ရရှိခဲ့တာကြောင့် သူမအရမ်းကို အံသြခဲ့ရတယ်လို့ ဖွင့်ဆိုခဲ့ပါတယ်။ သူမရဲ့ကျောင်းကတော့ Skye ကို ထိုအပြာလောကအတွင်းကနေ ရုန်းထွက်နိုင်အောင် လစာကိုပါ တိုးပေးပြီး ကြိုးစားခဲ့ပေမယ့် သူမရဲ့အပြာရိုက်ကူးရေးအလုပ်လောက် ဝင်ငွေမကောင်းတာကြောင့် အပြာရုပ်ရှင်နယ်ပယ်မှ ထွက်ခွာဖို့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါကြောင့် Skye ကို သူမရဲ့ကျောင်းကနေ ထုတ်ပယ်လိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။

  VitamiN

#knowledge.thithtoolwin.com

  Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment