Powered by Blogger.

သားဖြစ်သူကို နေ့စဉ်တိုင်း ကျောင်းလိုက်ပို့ပေးနေတဲ့ မသန်စွမ်းဖခင်



  သားသမီးအပေါ်မှာထားရှိတဲ့ မိဘရဲ့မေတ္တာတရား ဘယ်လောက်ကြီးကျယ်ခမ်းနားသလဲဆိုတာ အဖြစ်အပျက် တော်တော်များများကနေလည်း သိရှိနိုင်သလို ကိုယ်ရဲ့နေ့စဉ်ရှင်သန်နေထိုင်မှုကလည်း သိရှိနိုင်ပါတယ်။ အခုအခါမှာလည်း ခြေထောက်နှစ်ဖက်လုံး မရှိတော့တဲ့ ဖခင်တစ်ဦးဟာ သူရဲ့သားငယ်လေး ကျောင်းသွားဖို့အတွက် Wheelchair နဲ့ ကျောင်းလိုက်ပို့ပေးနေကြောင်း သိရှိခဲ့ရပါတယ်။

 Alejandro လို့ အမည်ရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဟာ သာမာန်လူတစ်ဦးလို ခြေထောက်နှစ်ဖက်လုံး မရှိတော့တဲ့အတွက် သူရဲ့လက်ကျန်ဘဝတလျှောက်လုံးကို Wheelchair ပေါ်မှာသာ ဖြတ်သန်းရမယ့်သူဖြစ်ပါတယ်။ ဒါပေမယ့် Alejandro ဟာ မသန်စွမ်းဘဝကို ရောက်နေသည့်တိုင် သူရဲ့မိသားစုအတွက် သူနိုင်သလောက်လေးနဲ့ လုပ်ပေးနိုင်သလောက် လုပ်ဆောင်ပေးနေပြီး အထူးသဖြင့် သူရဲ့သားငယ်လေး ကျောင်းသွားဖို့အတွက်ကိုပါ နေ့စဉ်လုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။

Alejandro ဟာ ကျောင်းကို တစ်ယောက်တည်းသွားဖို့ ငယ်ရွှယ်နေသေးတဲ့ သူ့သားလေးကို သူရဲ့ပေါင်ပေါ်မှာတင်ပြီး Wheelchair လေးတွန်းကာ ကျောင်းလိုက်ပို့ပေးနေတာဖြစ်ပါတယ်။ ဒီလို Wheelchair နဲ့အတူ ကျောင်းလိုက်ပို့ပေးရတာဖြစ်လို့ သယ်ယူပို့ဆောင်စရိတ် လျှော့ချနိုင်ခဲ့တာကြောင့် ဆင်းရဲနွမ်းပါးတဲ့ Alejandro တို့ မိသားစုအတွက် အဆင်ပြေနေနိုင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

 ဒီသားအဖနှစ်ယောက်ရဲ့ပုံရိပ်တွေဟာ အင်တာနက်စာမျက်နှာပေါ်အထိ ပျံနှံလာခဲ့ပြီး လူအများကလည်း မသန်စွမ်းဘဝရောက်နေတာတောင် သားဖြစ်သူအတွက် လုပ်ဆောင်ပေးနိုင်တဲ့ Alejandro ကို ချီးမွမ်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အခုဆို Alejandro တို့သားအဖနှစ်ယောက် ဖိလစ်ပိုင်နိုင်ငံရဲ့ တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ FrontRow! မှာပါ ပါဝင်ခွင့်ရရှိနေခဲ့ပြီလို့ သိရှိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment