Powered by Blogger.

လုံးဝကို ရပ်တန့်သင့်တဲ့ ဖာရိုးကျွန်းစုနိုင်ငံက ဝေလငါးဖမ်းဆီပွဲ




  တိရစ္ဆာန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပွဲအခမ်းအနား ကျင်းပနေတဲ့ လုပ်ရက်တွေဟာ ယနေ့ခေတ်မှာ ဆက်လက်မကျန်ရှိနေသင့်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ် လူသားများဟာ ဒီလို ကြမ်းတမ်းလှတဲ့ ပွဲအခမ်းအနားတွေကို ရပ်တန်ပေးကြဖို့ ပုံစံအမျိုးမျိုးနဲ့ တိုက်တွန်းနေကြလျက်ရှိရာ တချို့ပွဲတွေမှာ ရပ်တန့်သွားပေမယ့် ဖာရိုးကျွန်းစုနိုင်ငံမှာ ကျင်းပနေတဲ့ ဝေလငါးများ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပွဲလို ပွဲတွေကတော့ မရပ်တန့်နိုင်သေးပါဘူး။

  ဖာရိုးကျွန်းစုနိုင်ငံဟာ ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားပြီး ဘေးပတ်ပတ်လည်မှာ ရေပြင်တွေ ပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီနိုင်ငံဟာ နော်ဝေပင်လယ်နဲ့ မြောက်အတ္တလန်တိတ်သမုဒ္ဒရာတို့ကြားမှာ တည်ရှိတာဖြစ်ပါတယ်။ ပင်လယ်ပြင်ကြီးနဲ့ အနီးစပ်ဆုံး နိုင်ငံဖြစ်တာကြောင့် ဖာရိုးကျွန်းစ နိုင်ငံသားများရဲ့ အဓိကအစားအစာဟာလည်း ပင်လယ်စာတွေ ဖြစ်လာခဲ့ရပါတယ်။ ပင်လယ်စာတွေထဲမှာမှ ဖာရိုးကျွန်းစုနိုင်ငံသားများ အကြိုက်ဆုံးအသားဟင်းကတော့ ဝေလငါးသားဟင်းပဲဖြစ်ပါတယ်။

 ဒါကြောင့် ဒီနိုင်ငံသားများဟာ ဝေလငါးများကို အမဲလိုက်ဖမ်းဆီးပြီး သတ်ဖြတ်စားသောက်လေ့ရှိပါတယ်။ ဒါ့အပြင် နှစ်စဉ်တိုင်းလိုလိုမှာလည်း grindadráp လို့အမည်ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပလေ့ရှိပြီး ဒီပွဲတော်အတွင်းမှာ ဝေလငါးများကို ဖမ်းဆီးသတ်ဖြတ်ကြတာဖြစ်ပါတယ်။

 ပင်လယ်ပြင်တစ်ခုလုံး သွေးချင်းနီရဲသွားအောင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့တဲ့ နှစ်စဉ်ဝေလငါးသတ်ပွဲဟာ တိရစ္ဆာန်တွေကို မညှာတာ နှိပ်စက်မှုပြုရာကျသလို ဒီဝေလငါးတွေရဲ့ အရေအတွက်ကိုလည်း ကျဆင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်မှ တိရစ္ဆာန်ချစ်သူများကနေ ဖာရိုးကျွန်းစုနိုင်ငံသားများအနေနဲ့ ဝေလငါးများကို အစုလိုက် အပြုံလိုက် ရက်စက်စွာ မသတ်ဖြတ်ကြဖို့  တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ ဒါပေမယ့်လည်း ဖာရိုးကျွန်းစုနိုင်ငံများသားကတော့ သူတို့အစဉ်အလာအရ လုပ်ကိုင်လာခဲ့တဲ့ ဝေလငါးသတ်ပွဲကြီးကို ဆက်လက်လုပ်ကိုင်သွားဖို့သာ ဆန္ဒရှိနေတာကြောင့် ဝေလငါးတွေ မျိုးတုန်းသွားမယ့်အရေးနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment