Powered by Blogger.

ချမ်းသာတဲ့ ယောကျာင်္းတွေကို အပိုင်ဖမ်းနည်း သင်တန်းဖွင့်ထားတဲ့ ထိုင်းအမျိုးသမီးတစ်ဦး




 ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတဲ့ သူဌေးပေါင်းငါးထောင်ဝန်းကျင်လောက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူလို့ နာမည်ကျော်နေတဲ့ Madam Raya ဆိုသူဟာ အွန်လိုင်းပေါ်ကနေ မိန်းကလေးများအတွက် အထူးသင်တန်းတစ်ရပ်ကို ပို့ချပေးလျက်ရှိပါတယ်။ ဒီသင်တန်းကနေ သင်တန်းသူများအတွက် ဘောစိတွေကို ဘယ်လိုအပိုင်ချုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို Madam Raya ကနေ သူရဲ့ကိုယ်တွေ့များနဲ့အတူ စနစ်တကျ သင်ကြားပေးနေတာပဲဖြစ်ပါတယ်။

  ထိုင်းနိုင်ငံအစိုးရကနေ ပညာတော်သင်ဆုရရှိပြီး ဥရောပမှာ ကျောင်းတတ်ခွင့်ရရှိခဲ့တဲ့ Madam Raya ဟာ နိုင်ငံတကာက လူတွေနဲ့ ဆက်ဆံခွင့်ရခဲ့ရာကနေ သူမရဲ့သွေးဆောင်ဖျားယောင်းမှု အတတ်ပညာတွေကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုဆို Madam Raya ဟာ ဒီပညာရပ်တွေကို ပြန်လည်မျှဝေပေးဖို့အတွက် အွန်လိုင်းပေါ်ကနေပါ သင်တန်းတစ်ခုကို ဖွင့်လှစ်ပေးထားပါသေးတယ်။ တစ်ရာရာခိုင်နှုန်း အပြည့်အဝအာမခံပေးထားတဲ့ Madam Raya ရဲ့ သင်တန်းကို သူမရဲ့ Facebook Page မှာ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး အခပေးသင်တန်းတစ်ခုဖြစ်ပါတယ်။

ဘတ် ၁၄၀၀၀ ( အမေရိကန်ဒေါ်လာ ၄၁၂ ) လောက် ကျသင့်မယ့် VIP သင်တန်းကတော့ အရမ်းချမ်းသာတဲ့ ယောကျာင်္းတစ်ယောက် လှည့်စားဖျားယောင်းတတ်ဖို့ ပညာကုန်သင်ပေးမှာဖြစ်ပြီး Madam ကိုယ်တိုင် အဆိုပါသင်တန်းသူအတွက် ဘောစိကြီးတစ်ယောက်ယောက်ကိုပါ ရှာဖွေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Madam က VIP သင်တန်းတတ်သူတွေကို အိန္ဒိယဥရောပနွယ်ဝင် သို့မဟုတ် အရှေ့အလယ်ပိုင်း သူဌေးတစ်ဦးနဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်တာကြောင့် အရမ်းချမ်းသာလွန်းသူနဲ့ တွဲခုတ်ခွင့်ရမှာဖြစ်ပါတယ်။

  Madam Raya ရဲ့ VIP သင်တန်းက မက်လောက်စရာ အထူးအခွင့်အရေးတွေ ပါဝင်နေပေမယ့် အမျိုးသမီးတော်တော်များများ Madam သတ်မှတ်ထားတဲ့ သင်တန်းကြေးကြောင့်  မတတ်ရောက်နိုင်ကြပဲ ဘတ် ၆၃၀၀( အမေရိကန်ဒေါ်လာ ၁၈၅ ) ရှိတဲ့ သာမာန်သင်တန်းကိုသာ တတ်ရောက်နိုင်ကြတာပဲဖြစ်ပါတယ်။

 ဒီသင်တန်းမှာတော့ Madam က သူရဲ့နည်းစနစ်များကိုပဲ သင်ကြားပြသပေးတာဖြစ်ပြီး ဘောစိများနဲ့တော့ ချိတ်ဆက်ပေးခြင်း မရှိပါဘူး။ Madam ဟာ သူရဲ့သင်တန်းကို လာရောက်အပ်နှံသူတိုင်း လက်ခံတာမျိုးမဟုတ်ပဲ ကိုယ်ကိုကိုယ် အရမ်းချမ်းသာချင်သူ ၊ ဘောစိတွေနဲ့ကနေ ချူစားဖို့ စိတ်အားထက်သန်သူများကိုသာ သင်တန်းလက်ခံတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ Madam ရဲ့ သင်တန်းဟာ အတော်လေးကို အောင်မြင်နေတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment