Powered by Blogger.

အလစ်သုတ်သမားကို အမိအရ ဖမ်းဆီးနိုင်ခဲ့တဲ့ လင်းနို့လူသား



  အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာရှိတဲ့ Walmart ဆိုင်မှာ ဒီဗီဒီအခွေလေးချပ်ကို ပိုင်ရှင်မသိအောင် ခိုးယူနေတဲ့ အလစ်သုတ်သမားကို နာမည်ကြီးစူပါဟီးရိုးတစ်ဦးဖြစ်တဲ့ Batman ခေါ် လင်းနို့လူသားက အချိန်မီ ဖမ်းဆီးရမိခဲ့ပါတယ်။

 တကယ်တော့ ဒီလင်းနို့လူသားဟာ တကယ့်လင်းနို့လူသားအစစ်မဟုတ်ပဲ Fort Worth ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း Damon Cole ဆိုသူသာဖြစ်ပါတယ်။ Damon Cole မှာ Walmart စတိုးဆိုင် အနီးတဝိုက် ကလေးသူငယ်များ အန္တရာယ်ကင်းရှင်းစေဖို့ ကင်းလာစောင့်နေတာဖြစ်ပြီး ကလေးများရဲ့အမှတ်တရနေ့အဖြစ် ကလေးတို့အချစ်တော် လင်းနို့လူသားဝတ်စုံကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

 ဒီအချိန်မှာ Walmart ဆိုင်အတွင်း အမျိုးသားတစ်ဦးက ဒီဗီဒီခွေလေးချပ်ကို ခိုးယူသွားခဲ့တာဖြစ်ပြီး ထိုသူကိုလည်း ရဲသားကြီး Damon Cole က ဖမ်းဆီးရမိခဲ့ပါတယ်။ Damon Cole ရဲ့ ပြောဆိုချက်အရ ဒီဗီဒီခွေတွေကို ခိုးယူခဲ့တဲ့ အလစ်သုတ်သမားဟာ လင်းနို့လူသားဝတ်စုံ ဝတ်ဆင်ထားတဲ့သူနဲ့ အမှတ်တရအဖြစ် Seflie တွဲရိုက်ဖို့ ခွင့်တောင်းခဲ့တယ်လို့လည်း သိရှိရပါတယ်။

 အလစ်သုတ်သမား ခိုးယူခဲ့တဲ့ ဒီဗီဒီလေးချပ်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ တစ်ရာအောက်သာရှိတာကြောင့် အရေးယူတစ်စုံတစ်ရာမပြုလုပ်ပဲ သတိပေးမှုနဲ့ ကလေးများပျော်ရွှင်စေဖို့ ရယ်စရာတချို့တို့ကိုသာ ပြုလုပ်ခိုင်းခဲ့ပါတယ်။ ရဲသားကြီး Damon Cole အနေနဲ့ ကလေးတွေကို အရမ်းချစ်သူဖြစ်လို့ တာဝန်ချိန်ပြင်ပရောက်တိုင်း ကလေးတို့အကြိုက် စူပါဟီးရိုးဝတ်စုံများကို ဆင်မြန်းပြီး ကလေးများကို အကာအကွယ်ပေးခြင်းနဲ့ ကင်ဆာလို ရောဂါဘယတွေ ခံစားနေရတဲ့ ကလေးသူငယ်များကို နှစ်သိမ့်မှုများ ပြုလုပ်ပေးခြင်းတို့ကို လုပ်ကိုင်ပေးလျက် ရှိပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment