Powered by Blogger.

အာဖရိကမှာ မွေးဖွားခဲ့တဲ့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းဖြစ်နေတဲ့ သိုးငယ်လေး


 ချို့ယွင်းစွာ မွေးဖွားလာခြင်းဟာ လူတွေမှာသာမက တိရစ္ဆာန်တွေဆီမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ရာသီဥတု ဆိုးရွှာစွာ ပြောင်းလဲမှုနဲ့ မျိုးရိုးဗီဇဆိုင်ရာ ကစဥ့်ကလျားဖြစ်မှုတွေကြောင့် ချို့ယွင်းစွာ မွေးဖွားခြင်းတွေ ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ အခုလည်း တောင်အာဖရိကနိုင်ငံမှာ ပုံမှန်ထက် ထူးခြားစွာ မွေးဖွားလာတဲ့ သိုးငယ်လေးတစ်ကောင်ဟာ မွေးဖွားမှု ချို့ယွင်းချက်ကြောင့် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းလို ဖြစ်နေခဲ့ရတယ်လို့ သိရှိရပါတယ်။

 ဒီသိုးငယ်လေးကို တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းစီရင်စု Lady Frere ရွှာမှာ ဖွားမြင်ခဲ့တာဖြစ်ပြီး အလွန်ကို ထူးဆန်းတဲ့ သွင်ပြင်လက္ခဏ ရွှာသားများက ကြောက်လှန့်သွားခဲ့ရပြီး ဆရာဝန်များဆီကို လာရောက်အပ်နှံခဲ့တာဖြစ်ပါတယ်။  အခုလို ပုံစံချို့ယွင်းစွာနဲ့ မွေးဖွားလာခဲ့တဲ့ သိုးငယ်လေးဟာ Rift Valley Fever လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏတစ်ခုကို ခံစားနေရတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်များက သုံးသပ်ထားပါတယ်။ ဒီသိုးငယ်လေးဟာ ခွာများက သိုးတစ်ကောင်ရဲ့ခွာအတိုင်း ဖြစ်နေပေမယ့် ပန်းရောင်သန်းနေတဲ့ အသားအရေကတော့ မွေးကင်းစ ကလေးငယ်တစ်ယောက်နဲ့ကို ဆင်တူနေတာဖြစ်ပါတယ်။


 ရွှာသားတချို့ကတော့ ဒီသိုးငယ်လေးဟာ စုန်းကဝေတွေရဲ့ အတတ်ပညာတစ်ခုခုနဲ့ ပတ်သက်နေနိုင်ပြီး နတ်ဆိုးတစ်ပါးပါးက လောကထဲကို ပို့ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ပါ ယုံကြည်နေလျက်ရှိပါတယ်။

 ဒီသိုးငယ်လေးနဲ့ပတ်သက်ပြီး တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Lubabalo Mrwebi က " ဒီသိုးငယ်လေးဟာ အတုအယောင်မဟုတ်ဘူးဆိုတာ ကျွန်တော်အနေနဲ့ ပထမဆုံး အာမခံပါတယ်။ ဒီသိုးငယ်လေးဟာ တော်တော်လေးကို ပုံစံချို့ယွင်းစွာနဲ့ မွေးဖွားလာတာဖြစ်ပြီး မွေးကင်စ ကလေးငယ်တစ်ယောက်နဲ့တောင် သွားတူနေပါသေးတယ်။

 ဒါပေမယ့်လို့ အခုလူတွေ ပြောနေကြသလိုမျိုး ဒါဟာ လူနဲ့သိုးတို့ မျိုးပွားထားတာကြောင့် ဖြစ်လာရတဲ့ ရလဒ်ဆိုတာကတော့ လုံးဝကို မဟုတ်ပါဘူး။ ဒီသိုးလေးကို ကိုယ်ဝန်စဆောင်ချိန်မှာ Rift Valley Fever လို့ ရောဂါတစ်ခုကို ခံစားလိုက်ရတာကြောင့် အခုလို လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း ဖြစ်လာရတာပါ " လို့ ရှင်းပြထားပါတယ်ခင်ဗျာ။

 VitamiN

#knowledge.thithtoolwin.com

 Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment