Powered by Blogger.

ဟင်းသီးဟင်းရွှက်ထဲမှာ ပါဝင်လာတဲ့ မြွေတစ်ကောင်ကြောင့် အစားအသောက်ပျက်သွားခဲ့ရတဲ့ အမျိုးသမီး


 ကျွန်တော်တို့အနေနဲ့ Social Media ပေါ်ကနေ အစားအသောက်တွေမှာ အင်းဆက်ပိုးမွှားတွေ ပါဝင်လာလို့ စားသုံးသူနဲ့ ရောင်းချသူတို့ကြား ပြသာနာတတ်မှုတွေကို မကြာခဏ တွေ့မြင်ရပါတယ်။ အခုအခါမှာလည်း အမျိုးသမီးတစ်ဦးဟာ ညနေစာ စားသုံးဖို့ စားသောက်ဆိုင်တစ်ဆိုင်မှာ သွားရောက်စားသုံးခဲ့ရာ သူမှာလိုက်တဲ့ အစားအစာထဲတွေကနေ မြွေသေးသေးလေးတစ်ကောင် ပါဝင်လာတာကြောင့် ဆက်လက်မစားနိုင်ရအောင် ဖြစ်သွားခဲ့ရပါတယ်။

 တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ရုံးကနေ အိမ်အပြန် စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ညနေစာ စားသုံးဖို့အတွက် ခေါက်ဆွဲနဲ့ ဟင်းသီးဟင်းရွှက်အချို့ကို မှာယူခဲ့လိုက်ရာ အစားအသောက်ပျက်သွားရတဲ့အထိကို ကြောက်လန့်သွားခဲ့ရပါတယ်။ ထိုအမျိုးသမီး မှာယူလိုက်တဲ့ ဟင်းသီးဟင်းရွှက်ထဲမှာ မြွေအသေးလေးတစ်ကောင် ပါဝင်လာခဲ့တာဖြစ်ပြီး အမျိုးသမီးမှာ ဒီအစားအစာကို ဘယ်လိုမှ ဆက်လက်မစားနိုင်တော့ပဲ အစားအစာကို ဓါတ်ပုံရိုက်ကာ သူမရဲ့လူမှုကွန်ယက်ပေါ်ကတစ်ဆင့် ဖော်ပြသွားခဲ့ပါတယ်။

ထိုအမျိုးသမီး ဖော်ပြလိုက်တဲ့ ဓါတ်ပုံဟာ နိုင်ငံအတွင်းက ကျန်းမာရေးဌာနများအထိပါ ပျံနှံသွားခဲ့ရတာကြောင့် ထိုစားသောက်ဆိုင်ကို ကျန်းမာရေးအသင်းများမှ တာဝန်ရှိသူများကပါ ကွင်းဆင်းလေ့လာခဲ့ရပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကတော့ စားသုံးသူ မှာကြားခဲ့တဲ့ စားစရာထဲမှာ ပါဝင်သွားခဲ့တဲ့ မြွေလေးတစ်ကောင်ဟာ သူတို့ရဲ့ စားဖိုချောင်က လုံးဝမဟုတ်ကြောင်း ကျန်းမာရေးစစ်ဆေးမှုအသင်းကို ရှင်းလင်းပြောဆိုထားပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့ ကျန်းမာရေးကွပ်ကဲမှုအသင်းကတော့ နာမည်ပျက်ထွက်ပေါ်နေခဲ့တဲ့ ဒီစားသောက်ဆိုင်ကို သန့်ရှင်းလတ်ဆက်မှု အားနည်းချက်ရှိနေတာကြောင့် ရက်သတ္တပတ်ခန့် ဆိုင်ပိတ်သိမ်းထားဖို့ အမိန့်ထုတ်ပြန်သွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

 #knowledge.thithtoolwin.com

  Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment