Powered by Blogger.

ကျောင်းစရိတ်အတွက် ရင်သားအကိုင်ခံပြီး ပိုက်ဆံရှာခဲ့တဲ့ကျောင်းသူမလေး


 ယနေ့ခေတ်မှာ ပညာရေးဆိုတာ ဈေးမြင့်မားနေတဲ့ အရာဖြစ်လို့ ဖွံဖြိုးမှုအားနည်းနေတဲ့ နိုင်ငံတွေက ကျောင်းသူကျောင်းသားများဟာ ပညာရေးကိုရော အိမ်စီးပွားရေးကိုပါ ပူးတွဲလုပ်ကိုင်ပေးရလျက်ရှိနေပါတယ်။ အခုလည်း ကျောင်းသူလေးတစ်ယောက်ဟာ သူမရဲ့ပညာရေး ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ပိုက်ဆံအလုံအလောက်မရှိတဲ့အတွက် သူမရဲ့ရင်သားကို အကိုင်ခံပြီး ကျောင်းစရိတ်ရှာဖွေနေခဲ့တယ်လို့ သိရပါတယ်။

  အဆိုပါကျောင်းသူမလေးဟာ ရင်ဘက်မှာ အကွဲကြောင်းအကြီးကြီး ပါဝင်နေတဲ့ အနီရောင်ဝတ်စုံကို အလှမယ်တစ်ယောက်လို ဆင်မြန်းထားပြီး အတွင်းပိုင်းထိ မြင်နေရတဲ့ သူမရဲ့ရင်သားကိုလည်း ပိုက်ဆံပေးပြီး ကိုင်တွယ်နိုင်ကြောင်း ဖြတ်သွားဖြတ်လာထဲက အမျိုးသားတွေကို ကမ်းလှမ်းခဲ့ပါတယ်။ အမျိုးသားများမှာလည်း ကျောင်းသူလေးရဲ့ကမ်းလှမ်းချက်ကို ကူညီလုပ်ဆောင်ပေးချင်ကြပေမယ့် အားလုံးက မဝံ့မရဲသာ ဖြစ်နေကြရပါတယ်။

ဒီလိုနဲ့ပဲ အတင့်ရဲတဲ့ အမျိုးသားများကတော့ ကျောင်းသူလေးရဲ့ရင်သားကို ထိမိရုံလိုက်သာ ကိုင်တွယ်သွားပြီး ပိုက်ဆံများကို ပေးအပ်ခဲ့ပါတယ်။ အမျိုးသားအချို့ကတော့ ကျောင်းသူလေးရဲ့ရင်သားကို ကိုင်တွယ်ဖို့ ရှက်ကြောက်နေကြောင့် ပိုက်ဆံသာပေးပြီး ရင်သားကို ကိုင်တွယ်ခြင်းမပြုပဲ ဓါတ်ပုံသာ အတူတကွ ရိုက်ကူးကြပါတယ်။

 ဒီကျောင်းသူလေးရဲ့ ကျောင်းစရိတ်ရှာတဲ့ပုံစံဟာ အားလုံးသိကြတဲ့အတိုင်း အချိန်လေးအတွင်းမှာပဲ အင်တာနက်စာမျက်နှာပေါ်တွေအထိ ပျံနှံသွားခဲ့ရပြီး အင်တာနက်သုံးစွဲသူများကလည်း ကျောင်းသူလေးရဲ့လုပ်ရက်နဲ့ပတ်သက်ကာ မှတ်ချက်အမျိုးမျိုး ပြုခဲ့ကြပါတယ်။ တချို့သူကတော့ အခုလို ရင်သားကိုကိုင်ခံပြီး ပိုက်ဆံရှာခြင်းဟာ တော်တော်အရှက်တရားမဲ့ကြောင်းနဲ့ စက်ဆုပ်စရာကောင်းခြင်း ဝေဖန်ခဲ့ကြသလို တချို့ကတော့ အခုလို ပညာရေးအတွက် မိမိအရှက်တရားကိုမငဲ့ပဲ ကျောင်းစရိတ်ရှာတာဟာ ချီးကျူးစရာဖြစ်ကြောင်း ဂုဏ်ပြုထားကြပါတယ်။ သင်ဆိုရင်ရော ဒီကျောင်းသူလေးရဲ့လုပ်ရပ်ကို ဘယ်လိုမြင်ပါသလဲခင်ဗျာ ?

Jackie

#knowledge.thithtoolwin.com

 Ref:viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment