Powered by Blogger.

UFC ပွဲအတွင်း ပြိုင်ဘက်ရဲ့ထိန်းချုပ်မှုကိုခံရင်းနဲ့ အီးအီးထွက်သွားခဲ့ရတဲ့ အမျိုးသမီးဖိုက်တာတစ်ဦး




 UFC ( Ultimate Fighting
Championship ) လို့ ခေါ်တဲ့ ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ကစားလေ့ရှိသူများဟာ ပြိုင်ဘက်ကို အလှဲထိုးသတ်ပုတ်ဖို့သာမကပဲ ပြိုင်ဘက်က ကိုယ့်က်ုထိန်းချုပ်ထားတဲ့ အချိန်မျိုးမှာလည်း ထိုပြိုင်ဘက်ဆီကနေ လွတ်မြောက်ဖို့အတွက် လေ့ကျင့်သင်ယူထားဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် Justine Kish ကတော့ ပြိုင်ဘက်ကို ချုပ်ထားမှုဆီကနေ မလွတ်မြောက်နိုင်ခဲ့တဲ့အပြင် ချုပ်ခံထားရတဲ့အရှိန်နဲ့ မစင်တွေပါ ထွက်သွားခဲ့ရပါတယ်။

  ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီး UFC ဖိုက်တာ Justine Kish ဟာ UFC Fight Night 122 ပြိုင်ပွဲမှာ ပြိုင်ဘက် Felice Herrig နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ရသလို အရှက်တကွဲ အကျိုးနည်းစရာနဲ့လည်း ရင်ဆိုင်ခဲ့လိုက်ရပါတယ်။ ပြိုင်ပွဲရဲ့ တတိယအချီမှာ Justine Kish ဟာ Felice Herrig ရဲ့လူချင်းပူးကပ်ပြီး ချုပ်ထိန်းမှုအောက်ကနေ လွတ်မြောက်ဖို့အတွက် ရုန်းကန်ကြိုးစားနေရပါတယ်။

Justine ဟာ ရုန်းကန်နေရင်း မကြာခင်မှာ Felice ရဲ့ ထိန်းချုပ်မှုအောက်ကနေ အောင်မြင်စွာ လွတ်မြောက်သွားနိုင်ခဲ့ပေမယ့် ထိန်းချုပ်ခံရခဲ့စဉ်မှာ သူမအမှားတစ်ခုကို လုပ်မိသွားခဲ့ပါတယ်။ ဒါကိုတော့ သူမရဲ့အလေးသွားချင်စိတ်ကို ထိန်းမရတော့ပဲ ပြိုင်ဘက်အတွင်းမှာ အလေးသွားမိခဲ့တာပဲဖြစ်ပါတယ်။ ဒီလို အရှက်ရစရာအဖြစ်နဲ့ ရင်ဆိုင်လိုက်ရပေမယ့် Justine ကတော့ သူမရဲ့အဖြစ်ကို သူမကိုယ်တိုင် ဟာသလုပ်သွားခဲ့ပြီး ဘာမှမဖြစ်သလိုသာ သဘောထားခဲ့ပါတယ်။

 Justine ဟာ ဒီပွဲမှာ ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်နဲ့ ပွဲကွှိုအရှုံးပေးခဲ့လိုက်ရတာပဲဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ Justine ဟာ ခြောက်ပွဲဆက်တိုက်လုံး အနိုင်ကစားထားနိုင်တဲ့ ရှုံးပွဲမရှိ အမျိုးသမီး UFC ဖိုက်တာတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ရဲ့ချုပ်ထိန်းမှုအောက်ကနေ အလှပဆုံး ရုန်းထွက်နိုင်သူအဖြစ်နဲ့ပါ နာမည်ကြီးသူဖြစ်ပါတယ်။ ဒါပေမယ့် Felice ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်အောင် ကြိုးစားခဲ့ရမှာတော့ အောင်မြင်ခဲ့ပေမယ့် အီးအီးပါထွက်သွားခဲ့ရတာတော့ Justine အတွက် ကစားသမားဘဝမှာ အမှတ်အရဆုံး အဖြစ်အပျက်တစ်ခုအဖြစ် ကျန်ရှိနေမှာ သေချာပါတယ်ခင်ဗျာ။

  VitamiN

  #knowledge.thithtoolwin.com

  Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment