Powered by Blogger.

စက်ဘီးခိုးသူကို အပြစ်ပေးတဲ့အနေနဲ့ နဖူးမှာ တတ်တူးရေးထိုးခဲ့တဲ့ ဘရာဇီးတတ်တူးပညာရှင်


Maycon Wesley Carvalho dos Reis ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့သား တတ်တူးပညာရှင်တစ်ဦးဟာ သူရဲ့စက်ဘီးကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့ သူခိုးကို အပြစ်ပေးတဲ့အနေနဲ့ သူခိုးရဲ့နှာဖူးမှာ "ကျွန်တော်က သူခိုးတစ်ယောက်ပါ။ ကျွန်တော်က ရှုံးနိမ့်သူတစ်ယောက်ပါ" လို့ အဓိပ္ပာယ်ရတဲ့ စာသားများကို ရေးထိုးပေးလိုက်ပါတယ်။

  ဒီဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုမှတ်တမ်းတင်ထားပြီး အင်တာနက်ပေါ်မှာ ဖော်ပြပေးခဲ့ရာ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး လူကြည့်နှုန်း တော်တော်များသွားခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ အသက် ၁၇နှစ်အရွှယ်သာရှိသေးတဲ့ သူခိုးလေးကို တတ်တူးပညာရှင်နဲ့ သူရဲ့မိတ်ဆွေတို့က နဖူးပေါ်မှာ ဘယ်လိုတတ်တူးကို ရေးထိုးချင်သလဲလို့ မေးမြန်းခဲ့ရာ သူခိုးကောင်လေးကလည်း သူခိုးဆိုတဲ့စာတမ်းကို ရေးထိုးလိုပါကြောင်းနဲ့ စက်ဘီးခိုးယူမိတာလည်း မှန်ကန်ပါကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒီလို အပြစ်ပေးခံလိုက်ရတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပြီးခဲ့တဲ့ သောကြာနေ့ မနက်စောပိုင်းလောက်က Maycon Wesley Carvalho dos Reis ရဲ့ နေအိမ်ရှေ့အနားမှာ ရပ်ထားတဲ့ စက်ဘီးကို ခိုးယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါကို Maycon Wesley Carvalho dos Reis ရဲ့ အိမ်နီးနားချင်းတစ်ဦးက အခုလို အပြစ်ပေးခဲ့လိုက်တာပဲဖြစ်ပါတယ်။

 တကယ်တော့ ဒီသူခိုးလေးဟာ မူးယစ်ဆေးဝါး သုံးစွဲနေသူဖြစ်ပြီး အိမ်ကနေ ပျောက်နေတာဟာ နှစ်ပတ်ခန့်လောက်တောင် ရှိနေပြီဖြစ်ပါတယ်။ သူရဲ့မိဘများကလည်း သူခိုးလေးရဲ့ ဗီဒီယိုဖိုင်ကို ကြည့်လိုက်မိတဲ့အခါမှသာ သူတို့သားကို ပြန်လည်ရှာတွေ့နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူခိုးလေးရဲ့မိဘတွေဟာ သူတို့သားကို မညှာမတာ အပြစ်ပေးခဲ့တဲ့ တတ်တူးဆရာနဲ့ သူရဲ့အိမ်နီးနားချင်းတို့ကို တရားစွဲသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ရဲသားများကတော့ Maycon Wesley Carvalho dos Reis နှစ်ဦးကို ခဏဖမ်းဆီးထားပြီး အချုပ်ချထားခဲ့ပါတယ်။ သို့ပေမယ့် Maycon Wesley Carvalho dos Reis ကတော့ ဒီကလေးကို သင်ခန်းစာ ရစေချင်လို့သာ အခုလိုလုပ်ပေးခဲ့တာဖြစ်ပြီး တတ်တူးထိုးပြီးပြီးခြင်းမှာပဲ ပြန်လွတ်ပေးလိုက်တယ်ပါတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

VitamiN

#knowledge.thithtoolwin.com

 Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment