Powered by Blogger.

မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့သူရဲ့လက်ကနေ လှည့်စားပြီး ရုန်းထွက်နိုင်ခဲ့တဲ့ အသက် ၈၈နှစ်အရွှယ် အဘွားအို


 ကိုယ့်ဆီမှာ အန္တရာယ်တစ်ခုခု ကျရောက်လာပြီဆိုရင် သင်ရဲ့လျှပ်တပြက် ဖြတ်ထိုးညဏ်တစ်ခုကနေ သင်ရဲ့ဘဝကို ကယ်တင်ပေးသွားနိုင်ပါတယ်။ ဒါကြောင့်လည်း အသက်ကိုညဏ်စောင့်တယ်ဆိုတဲ့ စကားပုံက ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ အခုလည်း အသက်ကိုးဆယ်နီးပါး ရှိနေပြီဖြစ်တဲ့ အဘွားအိုကြီးတစ်ဦးဟာ သူ့ကို မုဒိန်းကျင့်မယ့်သူရဲ့လက်ထဲကနေ လွတ်မြောက်နိုင်ဖို့အတွက် အရမ်းကောင်းတဲ့ လှည့်ဖျားမှုတစ်ခုကို ပြုလုပ်ခဲ့လိုက်ပါတယ်။

 အသက် ၈၈နှစ်အရွှယ်ရှိ Helen Reynolds ဆိုသူ အဘွားအိုကြီးတစ်ဦးဟာ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ တစ်ဦးတည်း နေထိုင်နေသူဖြစ်ပါတယ်။ တစ်နေ့ Helen ရဲ့အိမ်ကို သူခိုးတစ်ယောက်ဝင်ရောက်လာခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ယူဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် သူခိုးက ပစ္စည်းတွေ ပိုက်ဆံတွေ ခိုးယူရတာနဲ့ မကျေနပ်နိုင်သေးပဲ သက်ကြီးရွှယ်အိုဖြစ်နေတဲ့ အဘွားကြီး Helen ကိုပါ မုဒိန်းကျင့်ဖို့အတွက်ပါ ကြိုးစားလာခဲ့ပါတယ်။

Helen ဟာ သူမကို ယုတ်မာဖို့ ကြိုးစားလာခဲ့သူဆီကနေ လွတ်မြောက်နိုင်ဖို့အတွက် ရုတ်တရက် အတွေးဝင်လာခဲ့ပြီး ဒီအတွေးအတိုင်းပဲ လုပ်ဆောင်ခဲ့လိုက်ရာ သူခိုးရဲ့လက်ထဲက အသက်ချမ်းသာခွင့်ကို ရရှိသွားခဲ့ပါတယ်။

  Helen က သူ့အနားကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ မုဒိန်းကောင်ရဲ့ လက်ထဲက လွတ်မြောက်နိုင်ဖို့အတွက် ညဏ်နီညဏ်နက်တစ်ခု ထုတ်သုံးခဲ့ရပါတယ်။ Helen က လူယုတ်မာကို သူရဲ့အမျိုးသားအကြောင်း ပြောပြသွားခဲ့ပါတယ်။ Helen က သူရဲ့အမျိုးသားဟာ ဆုံးသွားတာကြာပြီဖြစ်ကြောင်းနဲ့ သူသေဆုံးခဲ့တာဟာ HIV ရောဂါကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် Helen က သူမလည်း သူ့ယောကျာင်္းဆီကနေ HIV ရောဂါပိုးကို ကူးစက်နေကြောင်း တမင်တကာ လုပ်ဇာတ်ခင်းပြီး ပြောဆိုသွားခဲ့ပါတယ်။ ဒီစကားကြောင့် မုဒိန်းကျင့်ဖို့ ကြိုးစားသူဟာ ချက်ချင်းကို လက်တွန့်သွားခဲ့ပြီး စော်ကားမယ့် အစီအစဉ်ကိုလည်း ရုတ်သိမ်းခဲ့လိုက်ပါတယ်။ အခုလို ရုတ်တရက် ထွက်ပေါ်လာခဲ့တဲ့ ဖြတ်ထိုးညဏ်နဲ့ ကိုယ့်ကိုဖျက်ဆီးမှုသူကို လှည့်စားနိုင်ခဲ့တဲ့ Helen ရဲ့ လုပ်ရက်က တခြားမိန်းကလေးတွေလည်း အတုယူစရာ ကောင်းလှပါတယ်ခင်ဗျာ။


 VitamiN

 #knowledge.thithtoolwin.com

  Ref:elitereaders

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment