Powered by Blogger.

နှစ်ပေါင်း ၅၅နှစ်ကျော်ကြာအထိ မဖြေရှင်းနိုင်သေးတဲ့ Alcatraz ထောင်မှ အကျဉ်းသားများ လွတ်မြောက်မှု



အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ပင်လယ်အော်အတွင်းက Alcatraz ကျွန်းမှာတည်ရှိတဲ့ Alcatraz အကျဉ်းထောင်ဟာ တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။ လုံခြံရေးအပိုင်းမှာ လုံးဝစိတ်ချရလောက်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ပေမယ့် အကျဉ်းသားသုံးဦးကတော့ ဒီထောင်ထဲကနေ ထူးထူးဆန်းဆန်း လွတ်မြောက်သွားခဲ့ရပါတယ်။

 ဒီလို Alcatraz အကျဉ်းထောင်ကနေ အကျဉ်းသားတချို့ လွတ်မြောက်သွားခဲ့တာဟာ အခုဆိုရင် ၅၅နှစ်ပြည့်မြောက်ခဲ့ပါပြီ။ တင်းကျပ်စွာ ပြုလုပ်ထားတဲ့ လုံခြုံရေးအပိုင်းတွေကြောင့် Alcatraz အကျဉ်းထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေမယ့် အကျဉ်းသားသုံးဦးကတော့ ဒီထောင်ထဲကနေ လွတ်မြောက်အောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ထိုအကျဉ်းသားသုံးဦးကတော့ ဘဏ်ဓါးပြများဖြစ်တဲ့ Clarence Anglin, John Anglin နဲ့ Frank Morris တို့ပဲဖြစ်ပါတယ်။

သူတို့သုံးဦးဟာ ၁၉၆၂ခုနှစ် ဇွန်လ ၁၁ရက်နေ့က Alcatraz ထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ ထောင်ကနေ ထွက်ပြေးနိုင်ဖို့အတွက် ထိုအကျဉ်းသားသုံးဦးဟာ ခြောက်လလောက် ဒုက္ခခံလိုက်ရပြီး အင်္ဂတေအောက်ကနေ မြေအောက်ထဲကို ချွန်မြွတဲ့ဇွန်းတွေနဲ့တူးပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ အကျဉ်းသားသုံးဦးဟာ မြေကျွင်းတူးနေတဲ့အချိန် သူရဲ့အခန်းရှိ အိပ်ရာပေါ်မှာ သူတို့အိပ်ပျော်နေတယ်လို့ ထင်ရလောက်အောင် ပစ္စည်းတချို့နဲ့ ဖန်တီးထားခဲ့ပါသေးတယ်။

  ဒီလို ကျွင်းတူးနေတုန်း ရေပြင်နဲ့နီးစပ်လာတဲ့ အချိန်မှာတော့ သူတို့အားလုံးဟာ မိုးကာအဝတ်နဲ့ ဖောင်တစ်ခုကို ပြုလုပ်ပြီး ရေထဲကနေ ဖြတ်သန်းသွားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့သုံးဦး အခုလိုလွတ်မြောက်သွားခဲ့ရပေမယ့် သူတို့ရဲ့ကံတရားက ဘာဆက်ဖြစ်သွားလဲဆိုတာ ယနေ့ထိတိုင် အဖြေထုတ်မရပဲ ဖြစ်နေပါတယ်။ ကောလဟာလတွေအရ အကျဉ်းသားသုံးဦးလုံးဟာ အန္တရာယ်ကင်းစွာနဲ့ တစ်ဖက်ကမ်းကို ရောက်ရှိသွားခဲ့ပြီး ဇာတ်မြှပ်နေထိုင်ကြလို့သာ ဘာသတင်းမှ မကြားရတော့တာလို့ သိရပါတယ်။

 သို့သော်လည်း သူတို့ ရှေ့ဆက် ဘာဖြစ်သွားလဲ ပြန်ပဲမိသွားခဲ့သလား ရေပြင်အောက်မှာပဲ အသက်ဆုံးရှုံးသွားခဲ့သလား ဒါမှမဟုတ် အခုထိ အသက်ရှင်နေသေးသလားဆိုတာကတော့ ၅၅နှစ်ကျော်ကြာအထိ အဖြေမရနိုင်သေးပါဘူးခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref:Un
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment