Powered by Blogger.

လက်မသုံးဆယ်လောက်ရှိတဲ့ အူကြီးတစ်ခုကို ဖယ်ရှားပေးခဲ့ရတဲ့ တရုတ်ခွဲစိတ်ဆရာဝန်များ



 ကျွန်တော်တို့ခန္ဓာကိုယ်အတွင်း အူမကြီးရွှေ့လျားပုံ တစ်စုံတစ်ခု အပြောင်းအလဲရှိနေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ တစ်ခုခု အမှားအယွင်းရှိနေပြီဆိုတာ သတိထားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျောခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့လို ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက် ဆက်တိုက်ဖြစ်ရင် သိပ်မစိုးရိမ်ပေမယ့် တစ်ပတ်လောက်ကြာမြင့်သွားမယ်ဆိုရင်တော့ အန္တရာယ်ရှိနေပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့ ဝမ်းချုပ်နေခဲ့တာ တစ်နှစ်ကျော်လောက်အထိ ရှိနေလို့ ဆေးရုံမှာ သွားရောက်စစ်ဆေးခဲ့ရာ ကြောက်စရာကောင်းတဲ့ အဖြစ်ကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

 တရုတ်အမျိုးသားတစ်ဦးဟာ ဝမ်းမသွားတာ တစ်နှစ်ဝန်းကျင်လောက်ရှိနေပြီဖြစ်လို့ ဆေးရုံတတ်ပြီး ကုသမှုခံယူလိုက်ရာ သူ့ဝမ်းဗိုက်ထဲကနေ အရှည်မီတာသုံးဆယ်လောက်ရှိတဲ့ အူကြီးတစ်ခုကို  ခွဲစိတ်ဆရာဝန်များက ခက်ခက်ခဲခဲနဲ့ ဖယ်ရှားပေးခဲ့ရပါတယ်။ တကယ်တော့ ဒီအမျိုးသား ခံစားခဲ့ရတဲ့ ရောဂါဟာ Hirschsprung လို့အမည်ရတဲ့ ရောဂါတစ်ခုဖြစ်ပြီး အူမကြီးအတွင်းမှာရှိတဲ့ ကြွက်သားအချို့ရဲ့နဗ်ကြောများ အခက်အခဲကြောင့် ဝမ်းမသွားနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

 ဒီရောဂါကြောင့်ပဲ တရုတ်အမျိုးသားရဲ့ဝမ်းဗိုက်ဟာ ကိုယ်ဝန်ဆောင်ထားသလို ပူဖောင်းနေခဲ့ရပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ 10th People’s Hospital ဆေးရုံက ဒေါက်တာ Yin Lu နဲ့ သူရဲ့တွဲဖက်ဒေါက်တာများက ထိုအမျိုးသားအနေနဲ့ ဆေးဝါးကုသမှု မခံယူပဲ ဒီအတိုင်းသာ ဆက်နေမယ်ဆိုပါက သူရဲ့အူဟာ ပေါက်ကွဲထွက်သွားနိုင်တဲ့ အခြေအနေအထိကို ရှိနေနိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

 ဆရာဝန်တွေ သုံးသပ်ခဲ့သလို ထိုအမျိုးသားရဲ့အူကြီးဟာ ခွဲစိတ်မှုမခံယူခင် ရက်ပိုင်းအလိုမှာပဲ အနည်းငယ် ပေါက်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုခံယူဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပြီး သုံးနာရီကျော်ကြာ ခွဲစိတ်မှု ခံယူခဲ့လိုက်ရာ ထိုသူဝမ်းဗိုက်အတွင်းက အရှည် ၇၆စင်တီမီတာ ( မီတာသုံးဆယ် ) လောက်ရှိတဲ့ အူကြီးကို အောင်မြင်စွာနဲ့ ဖယ်ထုတ်နိုင်ခဲ့လိုက်ပါတယ်။ ဒီလို ကြီးမားလှတဲ့ အူကြီးရဲ့အလေးချိန်ကတော့ ၁၃ကီလိုဂရမ် ( ၂၈ပေါင် ) အထိကို လေးလံပါတယ်။ အခုတော့ ခွဲစိတ်မှု ခံယူထားတဲ့ တရုတ်အမျိုးသားအနေနဲ့ မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ကို မျှော်လင့်လျက်ရှိနေပါတယ်ခင်ဗျာ။

  VitamiN

  #knowledge.thithtoolwin.com

   Ref:viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment