Powered by Blogger.

အမျိုးသမီးရဲ့နေရာမှာ ဘောလုံးနဲ့အစားထိုးပြီး ဆင်ဆာဖြတ်လိုက်တဲ့ ဆော်ဒီအာရေဗျက ကြော်ငြာတစ်ခု



ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်မရတဲ့ တစ်ခုတည်းသော နိုင်ငံတစ်ခုဟာ ဆော်ဒီအာရေဗျနိုင်ငံဖြစ်ပါတယ်။ ဆော်ဒီအာရေဗျမှာ အမျိုးသမီးများဟာ သူတို့ရဲ့အခွင့်အရေးတွေကို အတော်လေး ဆုံးရှုံးနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ အခုလည်း ကြော်ငြာတစ်ခုမှာ ပါဝင်နေတဲ့ အမျိုးသမီးပုံကို ဆင်ဆာဖြတ်တဲ့အနေနဲ့ ဘောလုံးပုံနဲ့ အစားထိုးဖြစ်ခဲ့လိုက်ပြီး လူပြောများစရာ ဖြစ်သွားခဲ့ရပါတယ်။

 SACO လို့အမည်ရတဲ့ နာမည်ကျော် ဆော်ဒီအာရေဗျ Hardware ကုမ္မဏီကြီးဟာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Intex Corp ရဲ့ ရေကူးကန်ကြော်ငြာဆိုင်းဘုတ်ကို တာဝန်ယူပြုလုပ်ပေးခဲ့ရာ လူအများရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့လိုက်ရပါတယ်။ SACO ကနေ ထုတ်ပြန်လိုက်တဲ့ ကြော်ငြာဆိုင်းဘုတ်ထဲမှာ မိသားစုတစ်စုဟာ Outdoor ရေကူးကန်လေးအတွင်းမှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။

 ကြော်ငြာထဲမှာ အဝတ်အစားအပြည့်အစုံ ဝတ်ဆင်ထားတဲ့ ကလေးသုံးငယ်ယောက်နဲ့ ဖခင်ဖြစ်သူတို့က ရေကူးထဲမှာ ပျော်ရွှင်နေကြပြီး ရေကန်ရဲ့တစ်ဖက်မှာတော့ လေထိုးထားတဲ့ ဘောလုံးတစ်လုံး ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ သာမာန်ကြော်ငြာပုံတစ်ပုံလို့ ထင်ရပေမယ့် ဒီဓါတ်ပုံရဲ့ မူရင်းပုံကို တွေ့ရှိသွားမှသာ ပုံမှာ တစ်ခုခုကို ပြင်ဆင်ထားတယ်ဆိုတာကို သဘောပေါက်သွားခဲ့တာဖြစ်ပါတယ်။

  ဒီကြော်ငြာရဲ့ မူရင်းဓါတ်ပုံမှာ ပါဝင်နေတာက ကလေးသုံးယောက်ရယ် အမျိုးသားတစ်ယောက်ရယ်နဲ့ အမျိုးသမီးတစ်ယောက်ရယ်ဖြစ်ပါတယ်။ ဒါကို SACO ကုမ္မဏီကနေ အမျိုးသမီးရဲ့နေရာမှာ ဆင်ဆာဖြတ်တဲ့အနေနဲ့ လေထိုးဘောလုံးနဲ့ အစားထိုးထားလိုက်တာဖြစ်ပါတယ်။

 တကယ်တော့ ဆင်ဆာဖြတ်လောက်ရအောင် ကြော်ငြာထဲက အမျိုးသမီးရဲ့ ဝတ်စားဆင်ယင်မှုဟာ သိပ်ရိုင်းစိုင်းနေတာမဟုတ်ပေမယ့် အခုလို ဆင်ဆာဖြတ်ခဲ့ခြင်းအပေါ် အွန်လိုင်းသုံးစွဲသူများက ဝေဖန်ကဲ့ရဲ့သွားကြပါတယ်။ ယခင်ကလည်း ဆွီဒင်နိုင်ငံက ပရိဘောဂလုပ်ငန်းတစ်ခုရဲ့ ကြော်ငြာတစ်ခုမှာ အမျိုးသမီးရဲ့ ဓါတ်ပုံတစ်ပုံ ပါဝင်လာခဲ့တာကြောင့် ဆော်ဒီအာဏပိုင်များကို အနူးအညွှတ် တောင်းပန်ခဲ့လိုက်ရပါတယ်ခင်ဗျာ။


VitamiN

 #knowledge.thithtoolwin.com

 Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment