Powered by Blogger.

ပြန်မလာနိုင်တော့တဲ့ သခင်ဖြစ်သူကို သုံးနှစ်တိုင်တိုင် စောင့်မျှော်နေခဲ့တဲ့ သစ္စာရှိသော ခွေးငယ်လေး




အိမ်မွေးတိရစ္ဆာန်တွေထဲမှာ လူတွေအတွက် အဖော်မွန်အဖြစ်ဆုံး အကျိုးအရှိဆုံးကတော့ ခွေးဖြစ်ပါတယ်။ ဒီလို အိမ်မွေးခွေးတွေရဲ့ သခင်အပေါ် သစ္စာရှိမှု ဖြစ်ရပ်လေးတွေဟာလည်း လူတိုင်းရဲ့နှလုံးသားကို လှုတ်ခတ်စေနိုင်ခဲ့ဖူးပါတယ်။ အခုလည်း လူတွေရဲ့အသည်းနှလုံးကို အရည်ပျော်သွားစေနိုင်မယ့် သစ္စာရှိတဲ့ ခွေးလေးတစ်ကောင်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကလည်း ရှိလို့နေပြန်ပါပြီ။

 ဒီခွေးလေးရဲ့နာမည်ကတော့ Fu Shi ဖြစ်ပါတယ်။ လမ်းဘေးခွေးလေးဖြစ်တဲ့ Fu Shi ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကနေ မွေးစားထားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်အတော်ကြာ ပျော်ရွှင်စွာ အတူနေထိုင်ခဲ့ပေမယ့် ကံကြမာဆိုးတစ်ခုကနေ သူတို့နှစ်ဦးကို ခွဲခွာခဲ့လိုက်ပါတယ်။ Fu Shi ရဲ့ သခင်ဖြစ်သူဟာ ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် ရူးသွပ်သွားခဲ့ပြီး နေအိမ်ကနေ ပျောက်သွားခဲ့ပါတယ်။

ဒီလိုနဲ့ သခင်ဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်မှာ Fu Shi လေးရဲ့ သူရဲ့အိမ်နောက်ဖေး လမ်ကြားလေးကနေ သခင်ဖြစ်သူ ပြန်လာနိုင်မလာဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့ စောင့်မျှော်ခဲ့တာ သုံးနှစ်နီးပါးလောက်အထိကို ရှိသွားခဲ့ပါတယ်။

 ဒီလို သခင်အပေါ် သစ္စာရှိရှာတဲ့ Fu Shi လေးကို အိမ်နီးနားချင်းမှာရှိတဲ့ လူတွေက သတိထားမိသွားပြီး မီဒီယာများကို အကြောင်းကြားခဲ့လိုက်ရာ Fu Shi ရဲ့အကြောင်းက ကိုရီးယားနိုင်ငံအတွင်း ပျံနှံသွားခဲ့ပါတယ်။ Fu Shi လေးဟာ ဘယ်လိုမှ ပြန်မလာနိုင်တော့တဲ့ သခင်ဖြစ်သူကို ညအချိန်များအထိပါ တစ်နေ့ကုန် စောင့်မျှော်နေတတ်ပြီး ဒါကို အိမ်နီးနားချင်းများက သနားသွားပြီး Fu Shi လေးအတွက် အစာများကို အမြဲတမ်းလာကျွေးကြပါတယ်။

ဒီလိုနဲ့ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ကနေ Fu Shi လေးကို လာရောက်စစ်ဆေးပေးခဲ့ရာ Fu Shi လေးဆီမှာ အစာအိမ်ဒဏ်ရာတစ်ခုကို တွေ့ရှိသွားခဲ့ပါတယ်။ အခုတော့ Fu Shi လေးလည်း ဒီဒဏ်ရာကနေ ပြန်လည်ကောင်းမွန်သွားခဲ့သလို သူ့ကို ကောင်းကောင်းမွန်မွန် မွေးစားနိုင်မယ့် မိသားစုတစ်ခုဆီကိုပါ ရောက်ရှိသွားခဲ့ပြီး Happy လို့ပါ အမည်အသစ်လေးကိုပါ ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref: oddit

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment