Powered by Blogger.

ကလေးထိန်း အရမ်းလိုအပ်နေတဲ့ သရဲခြောက်သောအိမ်ကြီးရဲ့ပိုင်ရှင်များ



 သင်အနေနဲ့ လတ်တလောမှာ အလုပ်အရမ်းလိုချင်တယ်ဆို သင့်အတွက် လစာအရမ်းကောင်းတဲ့ အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ သင်အနေနဲ့ သရဲမကြောက်ဖို့တော့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကို မိတ်ဆက်ပေးမယ့် အလုပ်အကိုင်က သရဲအရမ်းခြောက်တဲ့ အိမ်ကြီးမှာ ကလေးထိန်းလုပ်ရမှာပဲ ဖြစ်ပါတယ်။

 ဒီအိမ်ကြီးဟာ စကော့တလန်နိုင်ငံမှာ တည်ရှိတာဖြစ်ပြီး မိသားစုလေးဦး နေထိုင်တာဖြစ်ပါတယ်။ ဒီအိမ်ကြီးထဲမှာ ကလေးထိန်းအသစ် မရသေးခင် ကလေးထိန်းငါးဦးအထိကို ခန့်အပ်ခဲ့ဖူးပြီး သရဲခြောက်လွန်းတဲ့ဒဏ်ကြောင့် ဘယ်သူမှ ဆက်မလုပ်နိုင်တော့ပဲ ထွက်ပြေးခဲ့ရတဲ့ ရာဇဝင်တွေရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲလောက် ရရှိနိုင်မယ့် ဒီအလုပ်ကို ဝင်ရောက်လုပ်ကိုင်ဖို့ လက်တွန့်နေကြတာဖြစ်ပါတယ်။

တကယ်တော့ နှစ်နှစ်အရွှယ် ကလေးတစ်ဦးနဲ့ ခုနှစ်နှစ်အရွှယ် ကလေးတစ်ဦးကို ထိန်းသိမ်းရတာဟာ ကြီးကြီးမားမား အခက်အခဲတစ်ခုတော့ မဟုတ်ပေမယ့် ဘာမှန်းမသိတဲ့ အသံပလံတွေ ၊ ပစ္စည်းတွေ ရွှေ့လျားမှုတွေ ၊ ရုတ်တရက် ဖန်ခွက်တွေ ကျကွဲခြင်းတွေတို့ကြောင့် ဘယ်လိုမှ အလုပ်ဆက်မလုပ်နိုင်တော့ပဲ အရှုံးပေးပြီး အလုပ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကလေးထိန်းအလုပ်ကို လုပ်ကိုင်မယ့်သူ အခုထိ ရှာမတွေ့နိုင်သေးတာပဲဖြစ်ပါတယ်။

  တကယ်လို့ သင်က ပရလောကသားတွေကို လုံးဝမကြောက်တတ်သူ ဒါ့အပြင် ကလေးတွေကိုပါ ချစ်တတ်သူဆိုရင်တော့ ဒီအလုပ်ဟာ သင့်အတွက် အထူးသင့်လျော်နေတာ အသေအချာပါပဲ။ ဒီကလေးထိန်းအလုပ်ကနေ တစ်နှစ်ကို စတာလင်ပေါင် ငါးသောင်းအထိ ရရှိမှာဖြစ်သလို တစ်နှစ်အတွင်းမှာလည်း အားလပ်ရက် ၂၈ရက်အထိ ရရှိမှာဖြစ်ပါတယ်။

 တစ်ခုရှိတာကတော့ ကလေးနှစ်ဦးလုံးရဲ့ မိဘတွေဟာ တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်ခွင်ထဲမှာသာ အချိန်ကုန်ရတာဖြစ်ပြီး မိုးအရမ်းချုပ်တော့မှ အိမ်ပြန်ရောက်လာတာဖြစ်လို့ သင်အနေနဲ့ အိမ်မှာ ကလေးနှစ်ယောက်တည်းနဲ့ သဘာဝနယ်လွန်ဖြစ်ရပ်တွေကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ တစ်နှစ်တာဝင်ငွေအရရော မမြင်နိုင်တဲ့ အရာများကြောင့်ပါ ဒီကလေးထိန်းအလုပ်ဟာ ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အလုပ်တစ်ခုအဖြစ် သတ်မှတ်ရမလိုတောင် ဖြစ်နေပါပြီခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment