Powered by Blogger.

ယိုသူမရှက် မြင်သူရှက်အောင် ကျူးလွန်ခဲ့ကြတဲ့ ချစ်သူစုံတွဲတစ်တွဲ

Public Area လို့ခေါ်တဲ့ လူအများ သွားလာနေတဲ့ နေရာမျိုးတွေမှာ ချစ်သူစုံတွဲ တော်တော်များများကို ကျွန်တော်တို့ မြင်ဖူးကြမှာပါ။ သူတို့ကိုမြင်လိုက်ရင် ကိုယ်ပါအလိုလို စိတ်ချမ်းသာစေနိုင်တဲ့ ချစ်သူစုံတွဲလေးတွေရှိသလို သူတို့ကြောင့် ဘေးလူတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ စုံတွဲတွေလည်း ရှိနေတတ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံက စုံတွဲတစ်တွဲဟာ လူမြင်ကွင်းမှာတောင်မရှောင် လွန်လွန်ကျူးကျူးတွေ ပြုမှုခဲ့တာကြောင့် အရှက်တကွဲ အကျိုးနည်းစရာတွေ ဖြစ်ပွားခဲ့ရပါတယ်။

 ဒီစုံတွဲဟာ ရထားပေါ်မှာ အလွန်အကျွံကို ချစ်ရည်လူးနေတာကြောင့် နာမည်ပျက်နဲ့ သတင်းမွှေးလာခဲ့သူတွေ ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေ ပျံနှံလာခဲ့တဲ့ ဒီစုံတွဲရဲ့ဓါတ်ပုံအရ မိန်းကလေးဖြစ်သူမှာ သူရဲ့ချစ်သူယောကျာင်္းလေးပေါင်ပေါ် ခေါင်းတင်ပြီး ရထားထိုင်ခုံပေါ်မှာ လှဲလှောင်းနေပါတယ်။ အဲ့ဒီအဆင့်မှာကတည်းက ထိုမိန်းကလေးရဲ့ အပြုအမှုဟာ တော်တော်လေးကို လွဲမှားနေပါပြီ။ ပိုပြီးဆိုတာကတော့ ယောကျာင်္းလေးဖြစ်သူရဲ့ အပြုအမှုပါပဲ။

 ခေါင်းချင်း နီးကပ်စွာရှိနေတဲ့ သူတို့နှစ်ယောက်ဟာ အချိန်မရွှေး အကြင်နာပေးနိုင်တဲ့ အနေအထားမျိုးဖြစ်နေပေမယ့်လည်း အံသြစွာပဲ ယောကျာင်္းလေးဖြစ်သူရဲ့လက်က မိန်းကလေးရဲ့မဖွယ်မရာ ရောက်ရှိနေပါတယ်။ ဒါ့အပြင် မိန်းကလေးမှာလည်း အရှက်တရား ကင်းမဲ့နေပြီး သူ့ချစ်သူပြုသမျှကို အလိုက်အသင့် နေထိုင်နေပေးတာကိုလည်း အံသြစရာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 ဒီဖြစ်ရပ်ဟာ လူရှေ့သူရှေ့မှာ ဖြစ်ပွားခဲ့တာပါ။ ဒါကို ဘယ်လိုမှ လက်မခံနိုင်တဲ့ ရထားစီးခရီးသည်တစ်ယောက်က ဓါတ်ပုံရိုက်ကူးပြီး အင်တာနက်စာမျက်နှာပေါ် ဖွပေးခဲ့လိုက်ရာ လုံးဝကို နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့ရပါတယ်။ ဒီလို ညစ်ညမ်းတဲ့ အမှုအရာမျိုးကို လူကြားထဲ မရှက်မရွှံနဲ့ ပြုမှုခဲ့ကြတဲ့ ချစ်သူစုံတွဲဟာ မူးယစ်သေစာကြောင့် အခုလို ဖြစ်နေတာလားဆိုတာကို သေချာမသိရှိပေမယ့်လည်း ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒီလိုလူမြင်ကွင်းကြီးမှာ ရုပ်ဆိုးအကျည်းတန်အောင်တော့ သူတို့မပြုလုပ်ခဲ့သင့်ပါဘူး။ အခုလို သူတို့နှစ်ဦး နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့တာကတော့ သူတို့ရဲ့ဆင်ခြင်တုံတရား ခေါင်းပါးမှုနဲ့ ထိုက်တန်တဲ့ အကျိုးဆက်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါရစေခင်ဗျာ။

#VitamiN

#knowledge.thithtoolwin.com

 Ref:viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment