Powered by Blogger.

Facebook ပေါ်က သူငယ်ချင်းအားလုံးနဲ့ အပြင်လိုက်လံတွေ့ဆုံခဲ့သူ




 Facebook လို လူမှုကွန်ယက်တွေသုံးရင် Online ပေါ်ကနေ ခင်သွားကြတဲ့ သူငယ်ချင်းများနဲ့ အပြင်မှာပါ ခင်မင်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားဖူးပါသလားခင်ဗျာ။ ဒီအတွေးမျိုးကိုတော့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ Tanja Hollander လည်း တွေးတောမိခဲ့ဖူးပြီး နောက်ဆုံးမှာတော့ သူမရဲ့ Facebook Friends List ထဲက ရှိရှိသမျှ သူငယ်ချင်းတွေအားလုံးနဲ့ တွေ့ဆုံဖို့ကို ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

 Hollander ဟာ “Are You Really My Friend?” လို့ နာမည်ပေးထားတဲ့ ပရောဂျက်တစ်ခုကို ၂၀၁၀ခုနှစ်လောက်ကစတင်ပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ ဒီပရောဂျက်အရ Hollander ဟာ သူမရဲ့ Facebook ပေါ်က သူငယ်ချင်းပေါင်း ၆၂၆ယောက်နဲ့ အပြင်မှာ တကယ်ကိုတွေ့ဆုံသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ Hollander ဟာ ငါးနှစ်လောက်အချိန်ယူခဲ့ပြီး ကမ္ဘာ့နေရာအနှံအပြားကို ခရီးသွားခဲ့ပြီး သူရဲ့ Facebook ပေါ်က သူငယ်ချင်းများနဲ့ တွေ့ဆုံခဲ့ အမှတ်တရဓါတ်ပုံများ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ Hollander ရဲ့ Are You Really My Friend? ပရောဂျက် ခရီးစဉ်ကြီးဟာ ၂၀၁၆ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။

 ဒီလို ရက်ရှည်ခရီးစဉ်ကြီးမှာ Hollander ဟာ ကမ္ဘာ့တိုက်ကြီးပေါင်းလေးခု ၊ နိုင်ငံပေါင်း ၁၂နိုင်ငံ ၊ သူမရဲ့မွေးရပ်မြေ အမေရိကန်နိုင်ငံအတွင်းက ပြည်နယ် ၄၃ခုနဲ့ နေအိမ်ပေါင်း အလုံး၄၀၀အထိကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ Hollander ဟာ သူရဲ့ Facebook ပေါ်က သူငယ်ချင်းများနဲ့ ဓါတ်ပုံတွဲရိုက်ခြင်းများ ၊ သူငယ်ချင်းများရဲ့နေအိမ်တွေမှာ တည်းခိုခြင်းများနဲ့ လက်ဆောင်ပေးခြင်းများတို့ကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

 ဒီလို လူမှုကွန်ယက်ပေါ်က သူငယ်ချင်းတွေအားလုံးနဲ့ ဆုံစည်းဖြစ်ခဲ့ခြင်းအပေါ် Tanja Hollander က " တစ်ခုကတော့ သေချာပါတယ်။ လူမှုကွန်ယက်ပေါ်က သူငယ်ချင်းတွေနဲ့ အပြင်လက်တွေ့ဘဝက သူငယ်ချင်းတွေဆိုတာ ဘာမှသိပ်ကွဲပြားမှု သိပ်မရှိပါဘူး။ တချို့Online ပေါ်က မိတ်ဆွေတွေဆိုရင် အပြင်က သူငယ်ချင်းတွေထက်တောင် ထိတွေ့ဆက်ဆံမှု ပိုများနေသေးတယ်။ ဒီတော့ Social Media ဆိုတာ မိတ်ဆွေသူငယ်ချင်းတွေအတွက် ဆက်သွယ်မှုလေး တစ်ခုပါပဲ။

အပြင်လောကက မိတ်ဆွေမှ အစစ်အမှန် Online ပေါ်က သူငယ်ချင်းတွေက အတုအယောင်ဆိုပြီးတော့ ခွဲခြားလို့တော့ မရပါဘူး။ အခုတော့ ကျွန်မဟာ လူမှုကွန်ယက်ပေါ် ဓါတ်ပုံတွေထဲက သူတွေနဲ့ အပြင်မှာ ဆုံစည်းခဲ့လိုက်ရပါပြီ။ ဒါဟာ ကျွန်မ့ဘဝအတွက် ဘယ်တော့မှမေ့မရနိုင်တဲ့ အတွေ့ အကြုံကောင်းတစ်ခု နောက်ပြီး အနုပညာ အပိုင်းအစတစ်ခုလို့ သတ်မှတ်ချင်ပါတယ် " လို့ ပြောဆိုရှင်းပြသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment