Powered by Blogger.

နေအိမ်မီးလောင်သွားပေမယ့် စာမေးပွဲကို ညဝတ်အကျီင်္နဲ့ သွားရောက်ဖြေဆိုနိုင်ခဲ့တဲ့ ဆယ်ကျော်သက်မလေး




 ရန်သူငါးပါးထဲမှာ မီးဘေးဟာ လူတွေအတွက် ကြောက်စရာအကောင်းဆုံး ရန်သူတော်တစ်ပါးပါ။ မီးဘေးကြောင့် စည်းစိမ်ဥစ္စာတွေသာမကပဲ အသက်ပေါင်းများစွာကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ ဒီလို ကြောက်မက်စရာကောင်းတဲ့ မီးဘေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ( ဗြိတိန်စံတော်ချိန် ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Grenfell တာဝါမှာ ဖြစ်ပွားခဲ့ပြီး လူ ၁၇ဦးခန့်အထိ သေဆုံးခဲ့ရကာ လူအများဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

  ကြောက်စရာကောင်းတဲ့ မီးလောင်မှုကြောင့် ပစ္စည်းဥစ္စာတွေ အကုန်လုံးနီးပါး ဆုံးရှုံးသွားခဲ့ရသူတွေထဲမှာ Ines Alves တို့ မိသားစုလည်း ပါဝင်ခဲ့ပါတယ်။ အသက် ၁၆နှစ်အရွှယ်ရှိ ကျောင်းသူလေး Ines Alves ဟာ နောက်နေ့မနက်မှာ ဓာတုဗေဒဘာသာရပ်ကို စာမေးပွဲဖြေဆိုဖို့အတွက် စာကျက်နေစဉ်အတွင်း အလုပ်ကနေ နောက်ကျမှ ပြန်လာရတဲ့ Alves ရဲ့ဖခင်က သူတို့နေထိုင်ရာ Grenfell တာဝါရဲ့လေးလွှာခန့်မှာ မီးအနည်းငယ်လောင်နေတာကို သတိထားမိသွားခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ Alves ရဲ့ဖခင်ဟာ သူတို့မိသားစုနေထိုင်ရာ ၁၃လွှာကို အပြေးအလွှားတတ်လာခဲ့ပြီး ပစ္စည်းများကို အကုန်ထားခဲ့ပြီး မိသားစုကိုခေါ်ကာ တိုက်ပေါ်ကနေ ဆင်းပြေးသွားခဲ့ပါတယ်။

Alves လည်း သူမရဲ့ဖုန်းရယ် ဓာတုဗေဒ မှတ်စုစာအုပ်ရယ်ကိုသာ ယူဆောင်ခဲ့ပြီး ထွက်ပြေးလာခဲ့ပါတယ်။ ဒီအချိန်မှာ Alves တို့ တိုက်ခန်းကို မီးလောင်နေခြင်းဟာ အစပျိုးလောင်ကျွမ်းနေခြင်းသာ ရှိနေပေမယ့် တိုက်ပေါ်ပြန်တတ်ပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေ သွားယူဆောင်ဖို့ကိုတော့ Alves ဖခင်က လုံးဝခွင့်မပြုခဲ့ပါဘူး။ ဒါဟာ သူတို့မိသားစုအတွက်တော့ ရာနှုန်းပြည့် မှန်ကန်သွားခဲ့တဲ့ တင်္ဒဂဆုံးဖြတ်ချက် ဖြစ်ခဲ့ရပါတယ်။

 ဆိုးရွှားစွာ လောင်ကျွမ်းခဲ့တဲ့ မီးဘေးကြောင့် Alves တို့နေထိုင်ရာ Grenfell တာဝါလည်း တစ်ခုလုံးနီးနီး ဖျက်ဆီးခံလိုက်ရပါတယ်။ နေစရာ နေရာတစ်ခုလုံး ဖျက်ဆီးခံခဲ့ရပေမယ့် ပညာရေးမှာ ထက်မြက်တဲ့ Alves လေးကတော့ သူရဲ့သူငယ်ချင်းအိမ်မှာ သွားရောက်နေထိုင်ခဲ့ပြီး ဘယ်လိုမှ အိမ်မပျော်နိုင်တော့တဲ့အဆုံး မနက်ခင်းမှာ ဖြေဆိုရမယ့် ဓာတုဗေဒ ဘာသာရပ်ကိုသာ ထိုင်ကျက်နေခဲ့ပါတော့တယ်။

Alves ရဲ့အခြေအနေကြောင့် Alves ရဲ့ ကျောင်းက တာဝန်ရှိသူများက သူမအတွက် စာမေးပွဲကို အချိန်ပြောင်းပေးဖို့ စီစဉ်ပေးခဲ့ပေမယ့် Alves ကတော့ ဒီဘာသာရပ်မှာ အမှတ်ကောင်းကောင်း အရယူနိုင်ဖို့ ဆုံးဖြတ်ချက်ချထားတာကြောင့် ညဝတ်အကျီ်နဲ့ ကျောင်းကိုအရောက်သွားကာ စာမေးပွဲကိုလည်း အကောင်းဆုံးဖြေဆိုသွားခဲ့ပါတယ်။ အခုတော့ Alves ဟာ ကျောင်းကသူငယ်ချင်းတစ်ယောက်ရဲ့ နေအိမ်မှာ ခဏနေထိုင်လျက်ရှိပြီး Alves မိသားစုကတော့ Alves ဖခင်ရဲ့မိတ်ဆွေတစ်ယောက်အိမ်မှာ ယာယီနေထိုင်လျက် ရှိပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref: metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment