Powered by Blogger.

သမီးဆုံးသွားလို့ စိတ်သောကရောက်နေတဲ့ မိခင်အတွက် သားဖြစ်သူက မိန်းကလေးလို ပြုမှုနေထိုင်ပေးခဲ့




 တရုတ်နိုင်ငံ Guilin မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးရဲ့ မိခင်အပေါ်ထားတဲ့ စိတ်နေစိတ်ထားလေးဟာ တစ်ကမ္ဘာလုံးက လူတွေအားလုံး မလေးစားပဲ မချီးကျူးပဲမနေနိုင်လောက်တဲ့အထိကို ဖြစ်သွားခဲ့ရပါတယ်။ သူ့မိခင်အတွက် သူဘာတွေများ လုပ်ပေးခဲ့လို့ဆိုတာကို ဖော်ပြပေးသွားပါမယ်။

 နာမည်ဖော်ပြထားခြင်းမရှိတဲ့ တရုတ်အမျိုးသားဟာ သူရဲ့မိခင် စိတ်ချမ်းသာစေဖို့်အတွက် အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ခဲ့တာ ဆယ်စုနှစ်နှစ်ခုလောက်ကို ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလို ပြုလုပ်ပေးရတာကတော့ သမီးဆုံးသွားလို့ စိတ်ထိခိုက်နေရပြီး စိတ်ရောဂါကိုပါ ခံစားနေရတဲ့ မိခင်အတွက်ပဲဖြစ်ပါတယ်။ ထိုအမျိုးသားရဲ့မိခင်အပေါ် ဖြည့်ဆည်းပေးမှုကို Pear Video ကနေ ဗီဒီယိုရိုက်ကူးပြီး အင်တာနက်ပေါ် ဖော်ပြပေးခဲ့ရာ ဝင်ရောက်ကြည့်ရှုသူဦးရေ လေးသန်းကျော်လောက်အထိ ရှိသွားခဲ့ရပါတယ်။

ထိုဗီဒီယိုထဲမှာ တရုတ်အမျိုးသားက “ ကျွန်တော် မိန်းကလေးတစ်ယောက်လို ပထမဆုံး ဝတ်ဆင်သွားတဲ့နေ့မှာ အမေက တော်တော်လေးကို ပျော်နေတာမြင်လိုက်ရပါတယ်။ အဲ့ဒါနဲ့ပဲ မိန်းကလေးတစ်ယောက်လို ဆက်တိုက်ဝတ်ဆင်ခဲ့တာ အခုဆို ကျွန်တော့်ဆီမှာ အမျိုးသားအဝတ်အစားတွေတောင် မရှိတော့ပါဘူး။ ဒါကလည်း အမေပျော်ဖို့အတွက်ပါပဲ။ ကျွန်တော် ဒီလိုဝတ်ဆင်ထားတာကို တစ်ယောက်ယောက်က လှောင်ပြောင်နေမယ်ဆိုလည်း ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါက အမေ့အတွက် ရည်စူးပြီးသာ လုပ်ကိုင်နေတာကြောင့် ဘယ်သူဘာပြောပြော ကျွန်တော့်အတွက် ပြသာနာမရှိပါဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။

 မိခင်အတွက် အခုလို ရည်ရွှယ်ပြီး လုပ်ကိုင်ပေးနေတဲ့ တရုတ်အမျိုးသားရဲ့ စိတ်ဓါတ်လေးဟာ တကယ့်ကို လေးစားစရာကောင်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ်ရဲ့မိဘအပေါ်မှာ ကိုယ်တတ်နိုင်သလောက်လေးနဲ့ ပြန်လည်ကြည့်ရှုတတ်ဖို့လည်း လိုအပ်ပါကြောင်းနဲ့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment