Powered by Blogger.

အိန္ဒိယနိုင်ငံက နေရောင်ခြည်စွမ်းအင်သုံး မီးရထားစနစ်ကိုစတင်



အိန္ဒိယနိုင်ငံကတော့ တစ်ကမ္ဘာလုံးမှာရှေ့ပြေးပုံစံဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးရထားစနစ်ကို စတင်လိုက်ပြီး မီးရထားခေါင်မိုးတွေပေါ်မှာ ဆိုလာပြားတွေကို တင်ထားကာ မီးရထားတွေရဲ့ လောင်စာစွမ်းအင်အသုံးချမှုကို လျှော့ချသွားဖို့ စီစဉ်လျက်၇ှိနေပါတယ်။

အခုလို နေရောင်ခြည်စွမ်းအင်သုံးရထားတွေဟာ ကာဘွန်ထုတ်လွှတ်မှုကိုလည်း တစ်ဖက်တစ်လမ်းကနေ လျှော့ချနိုင်မှာဖြစ်ကာ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းမှုကိုလည်း အသားပေးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။


ဒီဇယ်စွမ်းအင်သုံး အင်ဂျင်ကိုတော့ မီးရထားခေါင်မိုးပေါ်က ဆိုလာပြား ၁၆ ခုနဲ့ အစားထိုးလိုက်တာဖြစ်ပြီး ဒီဇယ်သုံးစွဲမှုကို လုံးဝရပ်တန့်လိုက်တာဖြစ်ပါတယ်။ ရထားမှာပါရှိတဲ့ တီဗွီ ၊ မီးလုံးတွေနဲ့ အဲကွန်း ၊ ပန်ကာတွေအားလုံးကို ဒီနေရောင်ခြည်စွမ်းအင်နဲ့ပဲ အသုံးပြုသွားမှာဖြစ်တာကြောင့် လောင်စာစွမ်းအင်သုံးစွဲမှုကတော့ သိသိသာသာလျော့ကျသွားမှာဖြစ်ပါတယ်။

လာမယ့်ခြောက်လအတွင်းမှာတော့ ဒီလိုမီးရထားတွေကို ထပ်မံတိုးချဲ့ပြေးဆွဲသွားဖို့ စီစဉ်ထားပြီး နေရောင်ခြည်စွမ်းအင်တွေကို သိုလှောင်ပေးမယ့် ဘက်ထရီတွေကိုတော့ နေ့ဘက်နဲ့ နေရောင်ရတဲ့အချိန်တိုင်းမှာ အားသွင်းသွားမှာပါ။ ဘက်ထရီတွေကုန်သွားရင်တော့ အရန်အနေနဲ့ ဒီဇယ်အင်ဂျင်တွေက အလုပ်လုပ်သွားမှာဖြစ်ပါတယ်။

အိန္ဒိယကတော့ ဆိုလာစွမ်းအင်တွေကို အသုံးပြုရာကနေတစ်ဆင့် မီးရထားတွေမှာ သုံးစွဲနေတဲ့ ဒီဇယ် လီတာပေါင်း ၂၁၀၀၀ လောက်ကို နှစ်စဉ်ချွေတာသွားနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

Mocha
#knowledge.thithtoolwin.com

Ref : MensXP

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment