Powered by Blogger.

ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ၂၃နှစ်ကြာ အငှားယာဉ်မောင်းပြီး ရှာဖွေနေခဲ့တဲ့ ဖခင်တစ်ဦး



 လင်ရယ်မယားရယ်လို့ ဖြစ်လာခဲ့ရင် ဘဝအခြေအနေက တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့သလို ဒီကနေတစ်ဆင့် သင်တို့ရဲ့ဘဝထဲကို ရင်သွေးလေးတစ်ယောက်သာ ဝင်ရောက်လာခဲ့မယ်ဆိုရင်တော့ သင့်တို့ဟာ မိဘဆိုတဲ့ အရေးပါတဲ့ နေရာတစ်ခုကို ရောက်ရှိသွားမှာပါ။ ကိုယ်က မိဘနေရာရောက်လာခဲ့ရင် သားသမီးအတွက် ဘာမဆို လုပ်ပေးချင်စိတ်တွေ ဖြစ်ပေါ်လာမှာ သေချာပြီး ကိုယ်ရဲ့ရင်သွေးကို ဘယ်လိုနည်းနဲ့မှ ဆုံးရှုံးချင်မှာ မဟုတ်ပါဘူး။ ဒီအကြောင်းနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို စာဖတ်သူတို့အတွက် ဖော်ပြပေးသွားချင်ပါတယ်။

  တရုတ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Wang Mingquing နဲ့ သူရဲ့ဇနီးဖြစ်သူတို့ဟာ တရုတ်နိုင်ငံ ချန်ဒုဒေသရဲ့လမ်းဘေးတစ်နေရာမှာ သစ်သီးများကို ရောင်းချနေသူတွေဖြစ်ပါတယ်။ ဒီစီးပွာရေးကနေ ရရှိလာတဲ့ ဝင်ငွေနဲ့ပဲ Wang Mingquing တို့မိသားစု စားဝတ်နေရေးကို လည်ပတ်နေရတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ Wang Mingquing တို့ သစ်သီးဆိုင်လေးမှာ ဖောက်သည်များစွာနဲ့ စည်ကားနေတဲ့အချိန်မှာ Wang Mingquing နဲ့ သူ့ဇနီးတို့ဟာ သူတို့ရဲ့သမီးလေးကို သတိမထားမိပဲ ခေတ္တမေ့လျော့သွားခဲ့ပါတယ်။ ထိုနေ့ဟာ Wang Mingquing နဲ့ သူ့ဇနီးဖြစ်သူတို့အတွက် သူတို့ရဲ့သမီးလေးကို နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ ကံဆိုးတဲ့ နေ့တစ်နေ့ ဖြစ်သွားခဲ့ရပါတယ်။

 ထိုအချိန်မှာ Wang Mingquing ဟာ သမီးဖြစ်သူကို ပြန်လည်ရှာဖွေဖို့အတွက် သစ်သီးရောင်းချတဲ့ အလုပ်ကနေ အငှားယာဉ်မောင်းဘဝကို ပြောင်းလဲလိုက်ပြီး ကားမောင်ရင်း သမီးကို ရှာဖွေပါတော့တယ်။ Wang Mingquing က သူရဲ့ကားကို စီးနင်းတဲ့ ခရီးတိုင်း သူ့သမီးရဲ့ အချက်အလက်များနဲ့ ဓါတ်ပုံများကို ပြသပြီး တွေ့ဖူးမြင်ဖူးသလားဆိုတာကို စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် Wang Mingquing ရဲ့ကြိုးစားမှုဟာ နှစ်ပေါင်း ၂၃နှစ်ကြာသွားတဲ့တိုင် မအောင်မြင်ခဲ့ပါဘူး။

 ဒါပေမယ့် သမီးဖြစ်သူကို စွမ်းစွမ်းတမံ ရှာဖွေနေတဲ့ Wang Mingquing ရဲ့အကြောင်းအရာဟာ အင်တာနက်စာမျက်နှာပေါ်များအထိပါ ပျံနှံသွားခဲ့ပြီး လူအများဆီကနေပါ အကူအညီတွေ ရရှိလာခဲ့ပါတော့တယ်။ သို့ပေမယ့်လည်း လွန်ခဲ့တဲ့ ၂၃နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ Wang Mingquing ရဲ့သမီးလေးကတော့ အခုထိတိုင် ရှာဖွေလို့မရနိုင်ဆဲပဲ ဖြစ်ပါတယ်ခင်ဗျာ။

    Bruce

   #knowledge.thithtoolwin.com

    Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment