Powered by Blogger.

ကယ်လီဖိုးနီးယားကမ်းခြေမှာ တွေ့မြင်ခဲ့ရတဲ့ အမျိုးအမည်မသိ ပင်လယ်သတ္တဝါကြီး




 ပင်လယ်မိစ္ဆာကောင်ကြီးလို့ နာမည်တပ်ခေါ်ထားခံရတဲ့ အမျိုးအမည်မသိ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားကမ်းခြေမှာ တွေ့မြင်ခဲ့ရပြီး ဒီသတ္တဝါရဲ့ပုံပန်းသဏ္ဍန်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံင်္တေကို လုံးဝခန့်မှန်းလို့မရနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

 အဆိုပါ ပင်လယ်သတ္တဝါကြီးဟာ မျက်လုံးတွေ ၊ ခြေလက်အင်္ဂါတွေ ၊ ဆူးတောင်တွေနဲ့ ပါးစပ်တွေမပါဝင်ပဲ ပုံစံမကျတဲ့ အလုံးကြီးနှစ်လုံးသာ ခန္ဓာကိုယ်ရဲ့တစ်ဖက်တစ်ခြပ်မှာ ပါဝင်လို့နေပါတယ်။ ဒီသတ္တဝါကြီးကို စတင်တွေ့မြင်ခဲ့ချိန်မှာ တစ်ဝက်ခန့်လောက်က သဲထဲကိုမြှပ်ဝင်နေပြီး တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို့ ထင်မှားစေခဲ့ရပါတယ်။ ဒီသတ္တဝါကြီးနဲ့ပတ်သက်ပြီး Reddit အသုံးပြုသူတစ်ဦးက သတ္တဝါကြီးရဲ့အလေးချိန်ဟာ ခုနှစ်ပေါင်လောက်ရှိနိုင်ပြီး ငါးလက်မလောက် ကျယ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

 " ဒါက အရွှယ်အစား အရမ်းကြီးမားတဲ့ ပင်လယ်ခရုရဲ့ အပျော့ပြောင်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ ဒီကယ်လီဖိုးနီးယားကမ်းခြေမှာက ဒီလိုပင်လယ်ခရုတွေကို မြင်တွေ့နေကြမို့ပါ " လို့ ကျွမ်းကျင်သူတစ်ဦးက သူရဲ့အမြင်ကို သုံးသပ်ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ဒီတိရစ္ဆာန်ရဲ့ဦးခေါင်းပိုင်းလို့ ထင်ရတဲ့နေရာမှာ နားရွှက်လိုပုံစံမျိုးကို တွေ့မြင်ခဲ့ရတာကြောင့် ကယ်လီဖိုးနီးယား ပင်လယ်ပက်ကျိတစ်ကောင်လည်း ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

 လူအချို့ကတော့ ပင်လယ်သမုဒ္ဒရာရဲ့အောက်မှာ လုံးဝကို ရှာဖွေမဖော်ထုတ်နိုင်သေးတဲ့ ပင်လယ်နေတိရစ္ဆာန်တွေ ရှိနေနိုင်တာကြောင့် ဒီသတ္တဝါကြီးဟာ ကြောက်မက်စရာကောင်းတဲ့ တိရစ္ဆာန်တစ်ကောင် ဖြစ်နေနိုင်တယ်လို့ သုံးသပ်လျက်ရှိနေကြပါတယ်။ ဒီသတ္တဝါဆန်းကြီးကို ကယ်လီဖိုးနီးယားရဲ့ မာလီဘူးကမ်းခြေမှာ တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။

 VitamiN

 #knowledge.thithtoolwin.com

   Ref: metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment