Powered by Blogger.

Live လွှင့်ရင်း အပင်မှားစားပြခဲ့လို့ အဆိပ်မိသွားခဲ့တဲ့ ဗီဒီယိုဘလော့ဂါတစ်ဦး



  ယနေ့ခေတ်မှာ နည်းပညာဖွံဖြိုးတိုးတတ်မှုများကြောင့် ကိုယ်စိတ်ဝင်စားရာကို အင်တာနက်စာမျက်နှာများပေါ်ကနေတစ်ဆင့် လူအများစုဆီ ချပြခွင့်ရရှိနေနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာမျိုးစုံမှာ ဘလော့ဂါတွေများစွာ ပေါ်ပေါက်လာခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ဘလော့ဂါတစ်ဦးကတော့ သူရဲ့ပရိသတ်တွေကို ရှားစောင်းလက်ပတ်အပင်ကို စားသုံးပြရင်းနဲ့ အဆိပ်မိသွားခဲ့ပြီး ဆေးရုံပါပို့ဆောင်လိုက်ရပါတယ်။

 အသက် ၂၆နှစ်အရွှယ်ရှိ Zhang ဆိုသူ တရုတ်အမျိုးသမီး ဗီဒီယိုဘလော့ဂါတစ်ဦးဟာ ရှားစောင်းလက်ပတ်အပင်တွေရဲ့ အကျိုးရှိပုံကို သူရဲ့ပရိသတ်တွေအတွက် ရှင်းလင်းပြောဆိုပြရင်းနဲ့ စားသုံးပြဖို့ ကြိုးစားခဲ့ရာ အပင်မှားယွင်းပြီး စားသုံးပြမိခဲ့တာကြောင့် အဆိပ်သင့်သွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ရှားစောင်းလက်ပတ်ဟာ အရေပြားအတွက် အကောင်းမွန်ဆုံး အပင်တစ်ခုဖြစ်ပြီး ဒီအပင်ကထွက်ရှိတဲ့ အဆီအနှစ်နဲ့ အသားအရေကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

ဒါ့အပြင် ရှားစောင်းလက်ပတ်ဟာ ဆီးချိုရောဂါ ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစာအိမ်အူလမ်းကြောင်းရောဂါနဲ့ စိတ်ကျခြင်းဝေဒနာတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် Zhang ဟာ အရွှယ်အစား တအားကြီးမားတဲ့ ရှားစောင်းလက်ပတ်ကို စားသုံးပြမိရင်းနဲ့ အဆိပ်သင့်သွားခဲ့တာကြောင့် ကြည့်ရှုသူကို အတော်လေးကို အံသြသွားစေခဲ့ရပါတယ်။

 တကယ်တော့ Zhang စားပြမိခဲ့တဲ့အပင်ဟာ ရှားစောင်းလက်ပတ်ပင်မဟုတ်ပဲ Agave Americana လို့ခေါ်တဲ့ အဆိပ်ရှိတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ ဒီအပင်ဟာ မက္ကဆီကိုနိုင်ငံမှာ ပေါက်ရောက်တာဖြစ်ပြီး ရှားစောင်းလက်ပတ်ပင်နဲ့ ခွဲမရလောက်အောင် တူနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရှားစောင်းလက်ပတ်ပင်ရဲ့အာနိသင်နဲ့ကတော့ တခြားစီဖြစ်လို့နေပါတယ်။ အမေရိကန်သင်္ဘောနာနတ်ပင်ကို စားသုံးမိမယ်ဆိုရင် အရေပြားမှာ ပူစပ်ပူလောင်ဖြစ်လာတာနဲ့ အစာမကြေခြင်းတွေ ဆိုးရွှားစွာဖြစ်လာပြီး အသည်းနဲ့ကျောက်ကပ်တွေကိုပါ ပျက်ဆီးစေနိုင်ပါတယ်။

ဒါကို မှားယွင်းစားသောက်ပြမိခဲ့တဲ့ ဗီဒီယိုဘလော့ဂါ Zhang ကတော့ ကံကောင်းစွာနဲ့ပဲ ဆိုးဆိုးရွှားရွှား မဖြစ်ခဲ့ရပဲ ပါးစပ်ထုံကျင်ခြင်းနဲ့ လည်ချောင်းထဲမှာ ပူစပ်ပူလောင်ဖြစ်သွားခြင်းတို့သာ ခံစားလိုက်ရတာဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ပြောဆိုချက်အရ Zhang ဟာ အဆိပ်သင့်ဝေဒနာကနေ မကြာခင်မှာ ပြန်လည်ကောင်းမွန်တာဖြစ်ပြီး ဆေးရုံကနေ ဆင်းခွင့်ရတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

    VitamiN

    #knowledge.thithtoolwin.com

    Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment