Powered by Blogger.

သုံးနှစ်သားကတည်းက ချစ်ခဲ့ရတဲ့ အချစ်ဦးကို ပေးထားတဲ့ကတိအတိုင်း လက်ထပ်ခဲ့တဲ့ အမျိုးသား





 လူတိုင်းမှာတော့ ငယ်ဘဝရဲ့ အချစ်ဦးဆိုတာ ရှိဖူးကြမှာပါ။ ဒါပေမယ့် ဒီအချစ်ဦးနဲ့ပဲ ဘဝတစ်သက်လုံး လက်တွဲသွားရတာတော့ အလွန်ကိုရှားပါတယ်။ ရင်ခုန်တတ်စအရွှယ်က ကိုယ်ရဲ့ရင်ခုန်သံကို အလှုတ်ခတ်ဆုံးစေနိုင်သူ ဖြစ်ခဲ့ပေမယ့် အနှစ်နှစ်အလလကြာတော့လည်း ကိုယ်ရဲ့လက်တွဲဖော်က ကိုယ်ပထမဆုံး စိတ်ဝင်စားခဲ့ရသူ ချစ်ခဲ့ရသူမဟုတ်တာ ပိုများပါတယ်။ ဒါပေမယ့် ဒီလို အချစ်ဦးနဲ့ လွဲချော်ခဲ့ရတဲ့အထဲမှာ Matt Grodsky မပါဝင်ပါဘူး။

 Matt Grodsky ဟာ သူရဲ့အသက် သုံးနှစ်အရွှယ်မှာကတည်းက မူကြိုကျောင်းနေဖက် ကောင်မလေး Laura Scheeler ကို သဘောကျခဲ့ရပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ Laura ကို လက်ထပ်ယူမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကလေးငယ်အရွှယ် ပြောခဲ့တဲ့စကားမို့ ဘာမှအရေးမကြီးဘူးလို့ ထင်ရပေမယ့် Matt Grodsky ကတော့ Laura Scheeler အပေါ် သူပေးထားခဲ့တဲ့ ကတိစကားကို အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ တကယ်အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။

အခုလို အချစ်ဦးဘဝကနေ ဇနီးမောင်နှံတွေ ဖြစ်လာခဲ့ရပေမယ့် Matt နဲ့ Laura တို့နှစ်ယောက်ဟာ အမြဲတမ်း ဆုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ မူကြိုကျောင်းပြီးကတည်းက ကွဲကွာသွားခဲ့ကြတဲ့ Matt တို့နှစ်ဦးဟာ အထက်တန်းကျောင်းသားဘဝကို ရောက်ရှိလာချိန်မှ ပြန်လည်ဆုံစည်းရတာဖြစ်ပြီး ဆုံစည်းပြီး နှစ်ပတ်အကြာမှာပဲ ချစ်သူတွေ ဖြစ်သွားခဲ့ရပါတယ်။

 ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ နေထိုင်ရာ ပြည်နယ်ဒေသတွေ မတူညီတာကြောင့် အထက်တန်းကျောင်းရော ကောလိပ်ကျောင်းတွေပါ တသီးတခြားစီ တတ်ရောက်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း Matt နဲ့ Laura တို့နှစ်ဦးဟာ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ ချစ်သွားခဲ့ကြသလို သူတို့ဆုံတွေ့မှု နှစ်နှစ်ဆယ်ပြည့်တဲ့နေ့မှာပဲ Matt က သူတို့ပထမဦးဆုံး ဆုံစည်းဖြစ်ခဲ့တဲ့ မူကြိုကျောင်းလေးရှေ့မှာ Laura ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

 Laura မှာလည်း Matt ရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ချက်ချင်းလက်ခံသွားခဲ့ပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို ထူထောင်လိုက်ကြပါတယ်။ Matt က Laura နဲ့ပတ်သက်ပြီး " ကျွန်တော် Laura ကို နှစ်သက်စွဲလန်းမှုက ကလေးသေးသေးလေး ဘဝထဲကနေ အခုအချိန်အထိကို အပြောင်းအလဲမရှိခဲ့ဘူး " လို့ ပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment