Powered by Blogger.

ရွှေဆိုင်ကို ပေါ်တင်ကြီး အနုကြမ်းစီးခဲ့သူတွေ တိုင်ပတ်သွားခဲ့ရတဲ့ဖြစ်ရပ်



 ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားလေးဦးလောက်ဟာ မလေးရှားနိုင်ငံက ရွှေဆိုင်တစ်ဆိုင်ကို အနုကြမ်းဝင်စီးပြီး ရွှေထည်ပစ္စည်းတွေ ထားရှိတဲ့ မှန်ဗီရိုကို တူတွေနဲ့ရိုက်ခွဲကာ လုယက်မှုတစ်ခုကို ကျူးလွန်းခဲ့ကြပါတယ်။

 သူတို့ရဲ့လုယက်မှုတွေကို ရွှေဆိုင်မှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာကနေ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဒီဗီဒီယိုမှတ်တမ်းဟာလည်း အင်တာနက်ပေါ်မှာ နာမည်ကြီးသွားခဲ့ရပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ တွေ့မြင်ရတာကတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားများဟာ ရွှေဆိုင်အတွင်းက မှန်ဗီရိုကို ဆယ်ပေါင်တူတွေနဲ့ ရိုက်ခွဲနေကြတာပုံပဲဖြစ်ပါတယ်။ အမျိုးသားလေးဦးမှာ နှစ်ဦးက မှန်တွေကို ရိုက်ခွဲနေပြီး ကျန်နှစ်ဦးကတော့ ဘေးပတ်ဝန်းကျင်ရဲ့အခြေအနေကို အကဲခတ်နေပေးခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ကြိုးပမ်းမှုဟာ ဘယ်လိုမှ အရာမထင်ခဲ့ပဲ မှန်ဗီရိုက လုံးဝကိုကွဲသွားခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူတို့ရဲ့အနုကြမ်းစီးမှုကို လက်လျော့လိုက်ရပြီး လက်ဗလာနဲ့ပဲ ပြန်သွားခဲ့ရပါတယ်။ တကယ်တော့ ဒီရွှေဆိုင်မှာ ရွှေကိုတွေ ပိုလီကာဘွန်နိတ် သုတ်လိမ်းထားတဲ့ မှန်ဗီရိုတွေကို အသုံးပြုထားတာကြောင့် အခုလို လွယ်လွယ်ကူကူ ရိုက်ခွဲလို့မရနိုင်တာပဲဖြစ်ပါတယ်။ ပိုလီကာဘွန်နိတ်တွေဟာ ပလတ်စတစ်တွေ ဖန်တွေထက် အဆပေါင်းများစွာ ခံနိုင်ရှိတာကြောင့် ရွှေဆိုင်တွေအားလုံး ပိုလီကာဘွန်နိတ်မှန်တွေကို ပိုမိုအသုံးပြုသင့်ပါတယ်။

 အခုလက်ရှိမှာ အနုကြမ်းစီးခံရတဲ့ ရွှေဆိုင်ဟာ ပုံမှန်အတိုင်းကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး အနုကြမ်းစီးမှု ဖြစ်ပွားခဲ့စဉ်ကလည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ အနုကြမ်းစီးသူများအနေနဲ့ ရွှေထည်တွေကို လုယက်သွားနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ဒေါ်လာတစ်သောင်းခွဲလောက်အထိ ဖျက်ဆီးသွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များရဲ့ လိုက်လံဖမ်းဆီးခြင်းနဲ့ ရင်ဆိုင်နေရပါတယ်ခင်ဗျာ။

 VitamiN

 #knowledge.thithtoolwin.com

 Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment