Powered by Blogger.

ဂါနာမှာ နာမည်ကြီးနေတဲ့ အသုဘအခေါင်းထမ်း အကအဖွဲ့



 ဂါနာနိုင်ငံမှာ အသုဘကိစ္စတစ်ခု ဖြစ်ပေါ်လာပြီဆိုရရင် အခေါင်းထမ်းတဲ့ အကအဖွဲ့ကို ဖိတ်ခေါ်ပြီး အသုဘပွဲကို စီစဉ်လျက်ရှိနေကြပါတယ်။ ဒီအကအဖွဲ့ကြောင့်ပဲ လူတွေဟာ ပူဆွေးသောက မရောက်ကြရတော့တဲ့အပြင် လွတ်လပ်ပေါ်ပါးနေကြတာကိုပဲ တွေ့မြင်ခဲ့ရပါသေးတယ်။

 အသုဘအခေါင်းထမ်းတဲ့ အကအဖွဲ့ဆိုတာ အခေါင်းကို ထမ်းပေးနေရုံတင်မဟုတ်ပဲ ဖွင့်ထားတဲ့ သီချင်းသံစဉ်နဲ့ပါ စည်းချက်ကျကျ ကပြနိုင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒါဟာ တော်တော်လေးကို ထူးခြားဆန်းပြားနေတဲ့ ဖျော်ဖြေမှုတစ်ခုဖြစ်ပေမယ့်လို့ ဂါနာနိုင်ငံမှာတော့ အတော်လေးကို လူကြိုက်များနေလျက်ရှိပါတယ်။ ဂါနာနိုင်ငံရဲ့အခေါင်းထမ်းအကအဖွဲ့ဝင်များဟာ မကြာသေးခင်ကမှ BBC အာဖရိကဗီဒီယိုကနေ စတင်ပြီး လူသိများလာခဲ့တာဖြစ်ပေမယ့် ဒီလုပ်ငန်းကို စတင်လာခဲ့တာတော့ ခုနှစ်နှစ်လောက်ကို ရှိလို့နေပြီဖြစ်ပါတယ်။

၂၀၁၅ခုနှစ်တုန်းက FollowMyBraids မှ ဘလော့ဂါတစ်ဦးက သူ့ယောက္ခမရဲ့ဈာပနပွဲမှာ အသုဘအခေါင်းထမ်းသူများရဲ့ အကအလှများကို မြင်တွေ့ခဲ့ရလို့ ဗီဒီယိုရိုက်ကူးပြီး Youtube ပေါ် တင်ခဲ့လိုက်ရာ ကြည့်ရှုသူဦးရေ ခြောက်သိန်းကျော်သွားရပါတယ်။

 ဒီလုပ်ငန်းကို Benjamin Aidoo ဆိုသူက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသားအမျိုးသမီး ဝန်ထမ်းပေါင်းတစ်ရာကျော် ခန့်အပ်ထားကာ အကနည်းများကို လေ့ကျင့်သင်ကြားပေးခြင်းနဲ့ အဝတ်အစားများကို ဆင်မြန်းပေးခြင်းတို့ ပြုလုပ်ပေးထားပါတယ်ခင်ဗျာ။

Jackie

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment