Powered by Blogger.

မွေးကင်စကလေးရဲ့ ခန္ဓာကိုယ်အတွင်းမှာ နောက်ထပ်ကလေးငယ်တစ်ဦး ပါရှိလာခဲ့





အိန္ဒိယနိုင်ငံ Mumbra ဒေသမှာ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးတစ်ဦးကြောင့် ဆရာဝန်တွေ အံသြတုန့်လှုပ်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးကင်းစ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်အတွင်းထဲမှာ နောက်ထပ်ကလေးငယ်တစ်ဦးက အမြွှာပုံစံနဲ့ ပါဝင်လာခဲ့လို့ပဲဖြစ်ပါတယ်။

 SWNS ကနေ ထုတ်ပြန်ကြေညာချက်အရ မွေးကင်းစကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက် တစ်ဝက်ခန့်သာရှိတဲ့ ကလေးငယ်လေးဟာ မွေးကင်းစကလေးလေးရဲ့အစာအိမ်အတွင်းမှာ ကပ်ပါလာခဲ့တာလို့ သိရှိရပါတယ်။ အသက်မရှင်နိုင်ခဲ့တဲ့ ကပ်းပါးအမြွှာကလေးလေးမှာ ဦးနှောက်နဲ့ ခြေတွေလက်တွေပါ အပြည့်အစုံ ပါရှိခဲ့ပါသေးတယ်။ Bilal ဒေသက ဆရာဝန်များအနေနဲ့ ခုနှစ်စင်တီမီတာလောက်ရှိတဲ့ ကပ်းပါးအမြွှာ ကလေးလေးငယ်ကို မွေးကင်းစကလေးငယ်ရဲ့ သေးသယ်လှတဲ့ အစာအိမ်ထဲကနေ အောင်မြင်စွာနဲ့ ခွဲထုတ်နိုင်ခဲ့ပါတယ်။

 ကျွမ်းကျင်ပညာရှင်များရဲ့အဆိုအရ ဒီဖြစ်စဉ်မှာ အတော်လေးကို ရှားပါးလွန်းလှပြီး ဒီလိုကိုယ်ဝန်မျိုး ဖြစ်လာခဲ့ရင်လည်း ကပ်ပါးအမြွှာဘက်မှာ ပုံစံချို့ယွင်းမှုတွေ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ ဒီကလေးငယ်ကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်တစ်ဦးကတော့ ကပ်ပါးအမြွှာ ကလေးငယ်လေးရဲ့ ခြေလက်အင်္ဂါတွေကိုရော ဦးနှောက်ကိုရော တွေု့မြင်ခဲ့ရပြီး ဦးခေါင်းခွံတော့ မပါဝင်နေဘူးလို့ ပြောဆိုခဲ့ပါတယ်။

 ဒီလိုကိုယ်ဝန်ဆောင်ခြင်းမျိုးဟာ သန္ဓေသားကို အရမ်း အန္တရာယ်များစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချက်ကြိုးတစ်ချောင်းထဲကနေ အာဟာရကို မျှဝေနေရခြင်းဖြစ်လို့ အာဟာရမျှတမှု မရှိနိုင်တော့ပဲ သေဆုံးနိုင်လို့ပါပဲ။ သို့ပေမယ့် မွေးကင်းစကလေးငယ်မှာ ဆေးဝါးကုသမှုတွေ ခံယူထားတာကြောင့် တော်တော်လေးကို အခြေအနေကောင်းနေတယ်လို့ ကလေးမိခင်က ပြောဆိုထားခဲ့ပါတယ်ခင်ဗျာ။

 
      Vitamin

     #knowledge.thithtoolwin.com

      VitamiN
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment