Powered by Blogger.

အလုပ်နောက်ကျလို့ အပြစ်ပေးခံရတဲ့ အမျိုးသမီးငယ်လေး သေဆုံးခဲ့ရ



 တရုတ်နိုင်ငံက အသက် ၁၅နှစ်အရွှယ် အမျိုးသမီးငယ်လေးတစ်ဦးဟာ အလုပ်ဆင်းချိန် အမြဲလိုလို နောက်ကျနေမှုကြောင့် အလုပ်ရှင်ရဲ့အပြစ်ပေးမှုကို နေ့စဉ်ခံယူခဲ့ရပြီး ဆယ်ရက်လောက်အကြာမှာပဲ သေဆုံးကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ်။

 အမည်ရင်းမသိရှိရသေးတဲ့ ဆယ်ကျော်သက် တရုတ်မိန်းမပျိုလေးဟာ အလုပ်ကို နေ့စဉ်တိုင်းလိုလို နောက်ကျမှ ရောက်ရှိလာခဲ့တဲ့အတွက် သူမရဲ့အလုပ်ရှင်က သူမကို ထိုင်ထ အခေါက်တစ်ရာလုပ်ပြီး အပြစ်ပေးလေ့ရှိတာဖြစ်ပါတယ်။ မိန်းမပျိုလေးဟာ နေ့တိုင်းနီးပါး ထိုင်ထအကြိမ်ရေပေါင်းများစွာကို အတင်းပြုလုပ်ရတာဖြစ်လို့ အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာမှာ ပြသာနာဖြစ်သွားရပြီး အသက်သေဆုံးသွားတဲ့အထိပါ အဖြစ်ဆိုးသွားခဲ့ရပါတယ်။ တကယ်တော့ ဒီမိန်းကလေးဟာ သူမအဖေရဲ့ကျန်းမာရေး အခြေအနေကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်နေသူဖြစ်ကာ သူမရဲ့လုပ်အားခနဲ့ ဖခင်အတွက် ဆေးဖိုးဝါးခ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

 ဆုံးသွားတဲ့ မိန်းကလေးရဲ့အလုပ်ရှင်ကတော့ သူအနေနဲ့ မိန်းကလေးအပေါ် အပြစ်ပေးတဲ့ သဘောမျိုးနဲ့ ထိုင်ထလုပ်ခိုင်းခဲ့တာမဟုတ်ပဲ လေ့ကျင်ခန်းသဘောကြောင့်သာ လုပ်ခိုင်းခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မိန်းမပျိုလေးဟာ စတင်အပြစ်ပေးခံရချိန်မှာပဲ သူရဲ့လက်တွေခြေထောက်တွေ မမြောက်နိုင်တော့ပဲ နောက်ရက်ပိုင်းမှာတော့ အကြောသေသလိုပါ ဖြစ်သွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆေးရုံမှာ ကုသနေရင်းနဲ့ပဲ မိန်းမပျိုလေးဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ မိန်းမပျိုလေးရဲ့ ဖခင်ကတော့ ဒီလိုထိုင်ထ လုပ်ခိုင်းခြင်းက ဆိုးရွှားတဲ့ အပြစ်ပေးခြင်းတစ်ရပ်သာဖြစ်တယ်လို့ ထွက်ဆိုထားခဲ့ပါတယ်ခင်ဗျာ။

 Vitamin

#knowledge.thithtoolwin.com

 Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment