Powered by Blogger.

လိင်အင်္ဂါမပါပဲ မွေးဖွားလာခဲ့တဲ့ အမျိုးသမီး ခွဲစိတ်မှုခံယူဖို့အတွက် ရန်ပုံငွေရှာလျက်ရှိ




 Kaylee Moats ဆိုသူ အမျိုးသမီးလေးဟာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူလေးပါ။ တက္ကသိုလ်ကနေ ဘွဲရထားတယ်။ သူ့ကိုအရမ်းချစ်တဲ့ မိသားစုလေးနဲ့ ချစ်သူတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ တခြားမိန်းကလေးတွေတိုင်းမှာရှိတဲ့ အရာတစ်ခုက Kaylee ဆီမှာ ရှိမနေတာပါပဲ။

 Kaylee ဟာ မွေးလမ်းကြောင်း သို့မဟုတ် သားအိမ်လုံးဝမပါဝင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ အသက် ၁၈နှစ်ခန့်ကစပြီး သိရှိလာခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွှယ်ရောက်နေပြီဖြစ်တဲ့ Kaylee ဟာ Mayar-Rakitansky-Kuster-Hauser ( MRKH ) လို့ခေါ်တဲ့ အလွန်ရှားပါးပြီး ဖြစ်ခဲ့လှတဲ့ ဝေဒနာတစ်ခုကို ခံစားနေရလို့ အခုလို မွေးလမ်းကြောင်း မပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

MKRH ဝေဒနာဟာ မွေးရာပါ မူမမှန်တဲ့ ဝေဒနာမျိုးဖြစ်ပြီး လိင်အင်္ဂါတို့ သားအိမ်တို့ မပါဝင်တတ်တာတို့ ဖြစ်တတ်ပါတယ်။ ဒီအဖြစ်အရပ်တွေကို သားဖွားနဲ့မီးယပ်အထူးကုဆီမှာ ပြသကြည့်လိုက်ရာ ခွဲစိတ်ကုသလို့ ရနိုင်မယ့် အခြေအနေရှိနေပေမယ့် ခွဲစိတ်မှုရဲ့ ကုန်ကျစရိတ်က အတော်လေးကို ကျသင့်နိုင်ပါတယ်။ ဒါကြောင့် Kaylee ရဲ့သူငယ်ချင်းများနဲ့ မိသားစုများက Kaylee အတွက် ခွဲစိတ်ကုသစရိတ်ရဖို့ ရန်ပုံငွေအသင်းလေး တည်ထောင်ခဲ့ပြီး အခုဆို အလှူငွေတွေ အတော်လေးကို ရရှိနေပြီဖြစ်ပါတယ်။

 Kaylee အနေနဲ့ သူမှာ မွေးလမ်းကြောင်း မပါဝင်တာကို သူရဲ့ချစ်သူကောင်လေးကို ပြောပြဖို့ အရမ်းစိုးထိတ်နေခဲ့ရပေမယ့် သူ့ကို တကယ်ချစ်နေရှာတဲ့ သူ့ချစ်သူက ဒီအကြောင်းတွေကို Kaylee မပြောပြခင်ကတည်းက သိလို့နေပါတယ်။ Kaylee ချစ်သူ Robbie က ဒီအကြောင်းကို သိသိချင်းမှာပဲ အရမ်းရှော့ခ်ဖြစ်ခဲ့ရာပေမယ့် Kaylee ကို အရမ်းချစ်နေတာကြောင့် သူမဘဝကို စာနာနားလည်နိုင်ခဲ့တဲ့အပြင် Robbie ကိုယ်တိုင် သူရဲ့လုပ်အားခတွေကို Kaylee ရဲ့ ခွဲစိတ်ကုသမှုစရိတ်အတွက် ထည့်ဝင်လှူဒါန်းပေးနေခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment