Powered by Blogger.

အသက် ၁၂နှစ်သာရှိသေးတဲ့ ပနားမားက တတ်တူးဆရာလေး




 သင်က ပေါ်မှာ တတ်တူးတွေ ရေးထိုးရတာကို စိတ်ပါဝင်စားသူတစ်ယောက် ဖြစ်မယ်ဆိုရင် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်က တတ်တူးထိုးပေးတာကို သင်လက်ခံနိုင်ပါ့မလား။ ဘယ်လက်ခံနိုင်မလဲနော်။ ဒါပေမယ့် Ezrah Dormon ရဲ့လက်ရာကို မြင်တွေ့သွားမယ်ဆိုရင်တော့ သင်လည်း သူတတ်တူးထိုးပေးတာ လက်ခံချင်သွားပါလိမ့်မယ်။

 အသက် ၁၂နှစ်သာရှိသေးတဲ့ တတ်တူးဆရာလေး Ezrah Dormon ဟာ ပနားမားစီးတီးမှာ နေထိုင်သူဖြစ်ပြီး အလယ်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သာမာန်ကလေးတွေလိုပဲ ဆော့ကစားနေတတ်တဲ့ Ezrah Dormon လေးဟာ တစ်နေ့မှာတော့ သူမိခင်ကို တတ်တူးပညာရှင် Ali Garcia က တတ်တူးရေးထိုးပေးနေတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုနေရင်း သူကိုယ်တိုင် တတ်တူးထိုးပေးချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မနေနိုင်တော့တာနဲ့ Dormon လေးဟာ Garcia ကို သူတတ်တူးထိုးတဲ့သူတစ်ယောက် အရမ်းဖြစ်ချင်နေတယ်ဆိုတာကို ဖွင့်ပြောခဲ့ပြီး Garcia ကိုယ်တိုင်ကလည်း Dormon လေးရဲ့စိတ်အားထက်သန်မှုကို အားပေးခဲ့ပြီး သူ့မိခင်လက်ပေါ်က တတ်တူးလေးကိုပါ Dormon ကိုယ်တိုင် အဆုံးသတ်ခိုင်းစေခဲ့ပါတယ်။

 ထိုအချိန်ကစပြီး Dormon လေးဟာ တတ်တူးထိုးတာကို ရူးသွပ်သွားခဲ့ပြီး Garcia ပိုင်ဆိုင်တဲ့ Honolulu တတ်တူးဆိုင်မှာ အလုပ်သင်အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ၁၂နှစ်သားလေးသာရှိသေးပေမယ့် Dormon ဟာ ယခုဆိုရင် ရောင်စုံတတ်တူးပုံစံပေါင်း အခုနှစ်ဆယ်လောက်ကို ရေးထိုးနိုင်ပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူရဲ့အသွင်အပြင်နဲ့ အသက်အရွှယ်နဲ့မလိုက်တဲ့ သူရဲ့အရည်အချင်းများကြောင့် Dormon ဆီမှာ တတ်တူးရေးထိုးမယ့်သူတွေ တန်းစီနေလျက် ရှိနေပါတယ်ခင်ဗျာ။

      VitamiN

      #knowledge.thithtoolwin.com

      Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment