Saja Pahad ဆိုတဲ့ ရွာလေးဟာ အိန္ဒိယနိုင်ငံ Chhattisgarh ခရိုင်မှာ တည်ရှိတာဖြစ်ပြီး ရေအရမ်းရှားပါလှတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ရွာအတွင်းမှာ ရေတွင်းနှစ်ခုရှိပေမယ့် ကျွဲနွားတွေကို တိုက်ကျွေးဖို့နဲ့ ကောက်ပဲသီးနှံတွေကို ရေလောင်းဖို့ရုံလောက်သာ လောက်ငှာခဲ့ပါတယ်။ ဒီအခြေအနေဆိုးကို အစိုးရက လျစ်လျူရှုထားခဲ့ပေမယ့် ရွာထဲက အမျိုးသားတစ်ဦးကတော့ ဘယ်သူ့ အကူအညီမှမယူပဲ တစ်ဦးတည်းအားနဲ့ ရေကန်တူးဖော်ပေးခဲ့ပါတယ်။
Shyam Lal လို့အမည်ရတဲ့ Saja Pahad ရွာသားလေးတစ်ဦးဟာ အသက် ၁၅နှစ်အရွှယ်ကတည်းက သူ့ရွာရဲ့ ရေပြတ်လတ်မှု ပြသာနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။ Shyam Lal ဟာ ရွာအတွင်းမှာ ရေကန်တစ်ကန်ကို တူးဖော်ဖို့အတွက် အကောင်အထည်ဖော်ခဲ့ပေမယ့် သူရဲ့အစီအစဉ်ကို တခြားရွာသားတွေက ဝင်ရောက်ကူညီပေးခဲ့ခြင်းမရှိတဲ့အပြင် ရေကူးတူးဖော်ဖို့လုပ်တဲ့ သူကိုပါ ရူးသွပ်နေတဲ့သူလို့ပါ ဝိုင်းဝန်းသတ်မှတ်ကြပါတယ်။
ဒါပေမယ့် Shyam Lal ကတော့ ဘယ်သူရဲ့ပြောဆိုခြင်းကို ဂရုမစိုက်ပဲ သူတစ်ဦးတည်း ကိရိယာတန်ဆာပလာများကို အသုံးပြုပြီး ရေကန်တူးဖော်ခဲ့ရာ ၂၇နှစ်အကြာမှာတော့ သူရဲ့ကြိုးစားမှုက အရာထင်သွားခဲ့ပါတော့တယ်။ Shyam Lal အသက် ၄၂နှစ် အရောက်မှာတော့ တစ်ဧကကျယ်ပြောပြီး ၁၅ပေအနက်ရှိတဲ့ ရေကန်တစ်ခုကို တူးဖော်ပေးနိုင်ခဲ့ပြီး တစ်ရွာလုံးရဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ရပါတယ်။
ဒီလို ကိုယ့်ရပ်ရွာအတွက် အကောင်းဆုံး ကြိုးစားပေးနိုင်ခဲ့တဲ့ Shyam Lal ရဲ့ သတင်းဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ရေပန်းစားသွားခဲ့ပြီး ရပ်ရွာဥပဒေပြုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက Shyam Lal အတွက် ရူးပီးတစ်သောင်း ဆုချီးမြှင့်ပေးခဲ့ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment