သတင်းခေါင်းစဉ်ကိုကြည့်ပြီး ဒီသတင်းက အဟောင်းကြီးလို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီသတင်းက ၂၀၁၄ခုနှစ်လောက်မှာ နာမည်ကြီးလာခဲ့တဲ့ ရာဇဝတ်သား Jeremy Meeks ရဲ့ အကြောင်းမဟုတ်ပါဘူး။ မျက်လုံးတစ်လုံးက အပြာရောင် နောက်မျက်လုံးတစ်လုံးက အညိုရောင်ဖြစ်နေတဲ့ ရာဇဝတ်သား Mekhi Alante Lucky ရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိတဲ့ လူသားများအနက် နှစ်ဆယ်ရာခိုင်နှုန်းခန့်လောက်မှာသာ ဖြစ်ပွားလေ့ရှိတဲ့ မျက်လုံးနှစ်ဖက် အရောင်မတူညီနေသူ Lucky ဟာ နာမည်နဲ့လိုက်အောင် ကံကောင်းခဲ့သူတစ်ဦးဖြစ်ပါတယ်။
Heterchromia လို့ခေါ်တဲ့ မျက်စိအရောင်မတူတဲ့ လက္ခဏကို ခံစားနေရသူ Lucky ဟာ Meeks လိုပဲ ရာဇဝတ်သားတစ်ဦးဖြစ်ပေမယ့် သူရဲ့ထူးခြားလှတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် တဖြည်းဖြည်းနဲ့ လူကြိုက်များလာရကနေ နောက်ဆုံးမှာတော့ မော်ဒယ်လောကထဲကိုပါ ဝင်ရောက်သွားတဲ့အထိ အောင်မြင်ခဲ့ရပါတယ်။
Lucky ဟာ ၂၀၁၆ခုနှစ် ဧပြီကနေ ဒီဇင်ဘာလအတွင်း အမျိုးသမီးတစ်ဦး စော်ကားနှောင့်ယှက်မှု ၊ အိမ်အတွင်း ခိုးဝင်ရောက်မှု ၊ ရဲအရာရှိပိုင် ကားတစ်စီးကို ဖျက်ဆီးမှုတို့အပါအဝင် ရာဇဝတ်မှုတွေကြောင့် ထောင်ငါးခါ ကျခဲ့ဖူးပါတယ်။ အခုတော့ Lucky ဟာ Instagram ပေါ်မှာလည်း စတားတစ်ဦးဖြစ်နေသလို တတ်သစ်စ မော်ဒယ်တစ်ယောက်လည်း ဖြစ်နေခဲ့တာကြောင့် အရင်လို မကောင်းမှုတွေကို လုံးဝစွန့်ပစ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment