ယနေ့ခေတ်မှာ ယောကျာင်္း မိန်းမ ငယ်ရွှယ်သူ သက်ကြီးသူ မခွဲမခြားတော့ပဲ ဆံပင်အရောင်စိုးမှုတွေကို အစဉ်တစိုက် ပြုလုပ်နေကြလျက်ရှိပါတယ်။ တချို့ဆို ဆံပင်အရောင်တစ်ခုကို တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာပဲ ပြောင်းလဲနေတတ်ကြပါတယ်။ ဆံပင်ဆေးဆိုးခြင်းကနေ ရရှိလာမယ့် အကျိုးဆက်တွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံသူ Deng လည်း အပါအဝင်ဖြစ်ပါတယ်။
Deng ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စီချွန်စီရင်စု အမျိုးသမီး အလှပြင်ဆိုင်လေးမှာ ဆံပင်သွားဆိုခဲ့ရင်းနဲ့ သူမဘဝအတွက် အမှတ်တရဖြစ်စရာ နောင်တရစရာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတယ်။ Deng ဟာ သူမရဲ့ဦးရေပြားပေါ်မှာ ဆံပင်အရောင်လေးမျိုးကို ခုနှစ်နာရီကြာလောက်တဲ့အထိ ဆိုးခဲ့ပြီးနောက် သူမ လုံးဝ မမျှော်လင့်ထားတာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
Deng ဟာ ရှည်လျားလှတဲ့ သူမရဲ့ဆံကေသာကို အရောင် ခြယ်သဖို့အတွက် အလှပြင်ဆိုင်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီလိုပုံစံ ရလာဖို့အတွက်လည်း ဆံပင်ကို နှစ်ကြိမ်အထိ ဆိုးခဲ့ရပါတယ်။ ဒုတိယမြောက် ဆေးဆိုးနေတဲ့အခါမှာ Deng ရဲ့ဦးခေါင်းတွေ ပူစပ်ပူလောင် ဖြစ်လာခဲ့ပေမယ့် ဆံပင်ဆေးဆိုးသူကတော့ ဖြစ်ရိုးဖြစ်စဉ်ပဲလို့သာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆေးဆိုးမှုအပြီးမှာတော့ Deng လိုချင်တဲ့ ဆံပင်အရောင်မျိုး မဟုတ်ခဲ့လို့ နောက်တစ်ကြိမ် ထပ်ပြီးဆိုးခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း Deng လိုချင်တဲ့ အရောင်မျိုးမဟုတ်လို့ နောက်ဆုံးမှာ အမဲသာပြန်ဆိုးခဲ့လိုက်ရာ Deng ဦးခေါင်းဟာ ဆိုးဆိုးရွှားရွှားကို လောင်ကျွမ်းခဲ့ရပါတော့တယ်။
အဆိုပါ ထိခိုက်မှုကြောင့် Deng ကို ဆေးရုံပို့ဆောင်ခဲ့ရာပြီး အရေပြားအထူးကုနဲ့ ကုသပေးခဲ့ရပါတယ်။ စစ်ဆေးချက်အရ Deng ရဲ့ဦးခေါင်း လေးဆယ်ရာခိုင်နှုန်းဟာ ဆံပင်ဆေးဆိုးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ပျက်ဆီးခဲ့ရပါတယ်။ ဒီအနေအထားကြောင့် Deng ဟာ သူမမြတ်နိုးရတဲ့ ဆံကေသာအားလုံးကို စွန့်လွတ်လိုက်ရပါတယ်။
Deng ကတော့ ဒီဖြစ်ရပ်ကို မကျေမနပ်ဖြစ်လို့ အလှပြင်ဆိုင်ကို ယွမ်ခြောက်သောင်းလျော်ပေးဖို့ တရားစွဲဆိုထားပေမယ့် အလှပြင်ဆိုင်ဘက်ကတော့ ယွမ်နှစ်ထောင့်ငါးရာခန့်သာ လျော်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
#knowledge.thithoolwin.com
Ref:Viral4real
0 comments:
Post a Comment