သဘာဝကို ကျော်လွန်ပြီး လှပမှုကို လိုချင်ကြသူတွေ သတိထားဖို့ လိုအပ်ပါတယ်။ ဒီဘက်ခေတ်မှာက ကိုယ့်ဆီမှာမရှိတဲ့ လှပမှုကို လိုချင်ကျတဲ့အခါ ခွဲစိတ်မှုတွေအထိပါ ပြုလုပ်ကြလေ့ရှိပြီး တစ်ခါတစ်ရံ ယုံကြည်စိတ်မှု အပြည့်မရှိသူများဆီမှာ ခွဲစိတ်မှုပြုလုပ်ရင်း အကြီးအကျယ် ဒုက္ခရောက်တတ်ပါတယ်။
ဒီလို ဒုက္ခရောက်သူများထဲမှာ Jean Huang ဆိုသူ အမျိုးသမီးလည်း ပါဝင်ခဲ့ပါတယ်။ သူမကတော့ ဆရာဝန်မဟုတ်တဲ့ သူစိမ်းတစ်ယောက်ဆီမှာ ရင်သားကြီးထွားဖို့အတွက် ခွဲစိတ်မှု ခံယူလိုက်ရာကနေ အသက်ပါ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ Jean Huang ဟာ သူမအသိတွေ မိတ်ဆက်ပေးထားတဲ့ သြစတြေးလျနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသူ Jie Shao ဆီမှာ ရင်သားခွဲစိတ်မှုကို ခံယူခဲ့တာဖြစ်ပါတယ်။ Jean နဲ့ Jie တို့နှစ်ဦးဟာ ခွဲစိတ်မှုကို Chippendale အလှပြင်ဆိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Jean အနေနဲ့ သူရဲ့ခွဲစိတ်မှုမှာ Jie အသုံးပြုခဲ့တဲ့ မေ့ဆေးကြောင့် နှလုံးသွေးကြောဆိုင်ရာမှာ ပြသာနာတတ်သွားခဲ့ပြီး သတိလစ်သွားခဲ့ပါတယ်။ ထို့နောက် နှစ်ရက်အကြာမှာပဲ လူလောကထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ Jean သေဆုံးမှုကြောင့် တရားဝင် လိုင်စင်မရှိပဲ ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ Jie ဟာ သြစတြေးလျနိုင်ငံကနေ ပြန်လည်ထွက်ခွာခွင့် မရှိတော့သလို ထောင်ချခံရဖို့လည်း ရှိနေပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref: viral4real
0 comments:
Post a Comment