Powered by Blogger.

ပီရူးနိုင်ငံက ပူဖောင်းလူသား





 အလန်ဂျန်ဒရို ရာမိုစ့်မာတီနက်ဇ်ဆိုသူ ပီရူးနိုင်ငံသားတစ်ဦးဟာ အတွေ့အကြုံရှိတဲ့ ဝါရင့်ရေငုပ်သမားတစ်ဦးဖြစ်ပြီး ပင်လယ်စာ စားသောက်ဆိုင်များအတွက် ပင်လယ်သတ္တဝါတွေကို ဖမ်းဆီးပေးနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ မတော်တဆတစ်ခုကြောင့် မာတီနက်ဇ်ကို ပူဖောင်းလူသားလို့ ခေါ်ဆိုဖို့ အကြောင်းဖန်လာပါတော့တယ်။

 လွန်ခဲ့တဲ့လေးနှစ်လောက်က မာတီနက်ဇ်ဟာ သမုဒ္ဒရာ ရေနက်ထဲမှာ ပင်လယ်သတ္တဝါတွေကို ဖမ်းဆီးပြီး ရေပေါ်ကို အလျင်အမြန် ပြန်လည်ကူးခတ်လိုက်ခဲ့မိပါတယ်။ ဒီအကျိုးဆက်ကြောင့် မာတီနက်ဇ်ဟာ ပူဖောင်းလူသားဘဝကို ရောက်ရှိသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုရေအနက်ထဲကနေ ရေပေါ်ကို အလျင်အမြန် တတ်လာခဲ့အခါမှာ ခန္ဒာကိုယ်အတွင်း နိုက်ထရိုဂျင် ပျော်ဝင်မှု မရှိတော့ပဲ ထိုနိုက်ထရိုဂျင်တွေက ကြွက်သားတွေမှာ ကပ်သွားလို့ပဲ့ဖြစ်ပါတယ်။

 မာတီနက်ဇ်ဟာ ဒီမတော်တဆမှုကြောင့် ကြွက်သားတွေက သာမာန်ထက်ကို ကြီးမားပြီး အဝတ်အစားတွေအတွင်းမှာ ပူဖောင်းတွေထည့်ထားသလိုမျိုးကို ဖြစ်နေပါတော့တယ်။ မာတီနက်ဇ်ရဲ့ရောဂါဟာ ခွဲစိတ်ကုသလို့ မရနိုင်ပဲ အောက်ဆီဂျင်ကုထုံးနဲ့သာ ခန္ဒာကိုယ်အတွင်း နိုက်ထရိုဂျင်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါကုထုံးဟာ အမေရိကန်ဒေါ်လာ တစ်သိန်းလောက် ကုန်ကျမှာဖြစ်လို့ မာတီနက်ဇ်အတွက်တော့ အခက်ကြုံနေရပါတော့တယ်ခင်ဗျာ။

VitamiN

#knowledge.thithtolwin.com

Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment