ဆံပင်ကိုနာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ပုံတွေ ဖော်ပေးနေတဲ့ ဆံသဆရာ
မာရီယို ဟာဘားလားလို့ အမည်ရတဲ့ ဆာဘီးယားနိုင်ငံက ဆံသဆရာတစ်ယောက်ကတော့ လူတွေရဲ့ ဆံပင်ပုံတွေကို နာမည်ကျော်တွေရဲ့ မျက်နှာပုံတွေ ဖော်ပေးနေပြီး ဒါကိုတော့ ဆံပင်တက်တူးလို့တောင် နာမည်ပေးထားကြပါတယ်။
မာရီယိုကတော့ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၈ နှစ်တည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဆာဘီးယားကိုပြန်ကာ အခုလို ဆံပင်ပုံစံတွေကို ညှပ်ပေးနိုင်ခဲ့ချိန်မှာတော့ အခုလိုပဲ လူသိပိုများလာတာဖြစ်ပါတယ်။
ဂျိုကိုဗစ် ၊ ကင်မ်ဂျုံအန်းစတဲ့ လူပုဂ္ဂိုလ်ပုံတွေကို ပြုလုပ်ရာကနေ သူ့ကို လူသိပိုများလာပြီး အမှားအယွင်းမရှိခဲ့တဲ့ ဆံပင်ညှပ်မှု ပုံစံကြောင့် လူအများအပြားက လာညှပ်လျက်ရှိနေတာပါ။
အခုလို ဆံပင်ညှပ်ရာမှာတော့ ဆံပင်ရှည်ထွက်တဲ့ သဘောကြောင့် ၈ ရက်ကနေ ဆယ်ရက်အတွင်းသာ ပုံက ကြာရှည်ခံမှာဖြစ်ပါတယ်။
သူ့ရဲ့လက်ရာတွေကတော့ ပုံတွေထဲကအတိုင်းပဲ ဖြစ်ပါတယ်။
Mocha
#Knowledge.thithtoolwin.com
Ref: oddity
0 comments:
Post a Comment