@922_riaru လို့အမည်ရတဲ့ Twitter သုံးစွဲသူတစ်ဦးဟာ သူမရဲ့ဖခင်အနေနဲ့ နှစ်နှစ်ဆယ်လောက်နီးပါးအထိ အစိမ်းရောင် အကျီ င်္တစ်ထည်တည်းကိုပဲ အစဉ်တစိုက် ဝတ်ဆင်ခဲ့သူဖြစ်လို့ သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ Twitter ပေါ်မှာ ရေးသားဖော်ပြခဲ့ဖူးသူဖြစ်ပါတယ်။
@922_riaru ရဲ့ ပြောဆိုထားချက်အရ သူမရဲ့ဖခင်ဟာ အစိမ်းရောင် ပိုလိုအကျီ င်္ကို နှစ်ပေါင်းများစွာ ဝတ်ဆင်ထားခဲ့ပြီး အကျီ င်္ကို အစဉ်အမြဲ သပ်သပ်ရပ်ရပ် ထားရှိတဲ့အပြင် အပေါက်အပြဲ ဖြစ်သွားခဲ့ရင်တောင်မှ ထိုပေါက်ပြဲတဲ့နေရာကို အသေအချာ ပြန်လည်ချုပ်လုပ်ခဲ့ပါတယ်။ ဒီလို ဝတ်ဆင်နေခြင်းက သာမာန်အချိန်မှာ @922_riaru အတွက် ပြသာနာမရှိပေမယ့် မိသားစုနဲ့ ခရီးသွားချိန် ၊ ဧည့်ခံပွဲတွေ သွားလာချိန်မှာတောင်မှ ဒီအကျီ င်္ကိုပဲ ဝတ်ဆင်နေတာကတော့ @922_riaru အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ပဲ @922_riaru အဘိုး သိမ်းဆည်းထားတဲ့ ဓါတ်ပုံများကို တွေ့ရှိသွားခဲ့ရာ ဓါတ်ပုံတွေထဲကနေ @922_riaru မိဘနှစ်ဦးရဲ့ဟန်းနီးမွန်းထွက်နေတဲ့ ဓါတ်ပုံတစ်ပုံကို မြင်တွေ့ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာ @922_riaru ရဲ့ အဖေက သူအခု အမြဲတမ်းဝတ်ဆင်ထားတဲ့ ပိုလိုအကျီ င်္ကို ဝတ်ဆင်ထားခဲ့တာကို ထူးဆန်းစွာ မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ @922_riaru ရဲ့ မိခင်ဟာ ဆုံးပါးသွားခဲ့တာ ၁၈နှစ်တောင် ကျော်နေပြီဖြစ်ပါတယ်။ ဒါကြောင့် @922_riaru ရဲ့ ဖခင်ဟာ သူ့ဇနီးကို အမြဲတမ်း အမှတ်တရ ဖြစ်နေဖို့အတွက် ဟန်းနီးမွန်းထွက်တုန်းက ဝတ်ဆင်ခဲ့တဲ့ အကျီ င်္ကို နှစ်ပေါင်းများစွာတိုင် အမြဲတမ်းဝတ်ဆင်နေခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref: viral4real
0 comments:
Post a Comment