ကံကြမာဆိုတာ အတော်လေးထူးဆန်းပါတယ်။ ထီတွေ လတိုင်းနီးပါး စဉ်ဆက်မပြတ် ကံစမ်းနေသူကြတော့ ထီမပေါက်ပဲ တစ်ကြိမ်တစ်ခါလေးပဲ ထီထိုးမိခဲ့တဲ့သူကို သန်းချီသူဌေး ဖြစ်စေနိုင်တာ ဆန်းကြယ်လှတဲ့ ကံတရားကြောင့်ပါပဲ။ အခုလည်း လူတစ်ဦးဟာ သူ့ဘဝမှာ ပထမဆုံး ထီကံစမ်းခဲ့ရာမှာ ထီသန်းဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
John Lewis ဆိုတဲ့ အသက် ၅၆နှစ်အရွှယ်ရှိ အမျိုးသားဟာ သူ့တစ်သက်မှာ ထီလက်မှတ်တွေကို တစ်ခါမှ ကံစမ်းဖူးခဲ့ခြင်းမရှိသူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထီလက်မှတ်တွေ ဝယ်ယူနေခြင်းက သူ့ရဲ့ပိုက်ဆံတွေကို တမင်သက်သက် ဖြုန်းတီးနေသလို ဖြစ်နေတယ်လို့ ယူဆထားလို့ဖြစ်ပါတယ်။
ဒါပေမယ့် John ဟာ တစ်နေ့မှာတော့ သူတို့ဒေသတွင်းက ကုန်ဆုံဆိုင်လေးတစ်ဆိုင်မှာ ဆော့လုပ်ဖို့အတွက် မှိုသွားဝယ်ရင်းနဲ့ ထီတစ်စောင်ကို ကံစမ်းခဲ့လိုက်ရာကနေ ထိုထီလက်မှတ်ကနေ အမေရိကန်ဒေါ်လာ ငါးသန်းအထိကို ကံထူးသွားခဲ့ရပါတယ်။ John က သူရဲ့ကံကောင်းမှုနဲ့ပတ်သက်ပြီး “ ကျွန်တော်က အရင်ကဆို ထီလုံးဝမထိုးခဲဖူးပါဘူး။
ဒါပေမယ့် တစ်ညမှာ အသံတစ်သံက ကျွန်တော့်ကို ထီထိုးဖို့ နှိုးဆော်သွားခဲ့တယ်။ အဲ့ဒီအသံကြောင့်ပဲ ကျွန်တော်မှိုတွေ လာဝယ်ရင်းနဲ့ ထီထိုးမိခဲ့တာပါ ” လို့ ပြောပြခဲ့ပါတယ်။ ထီပေါက်သွားခဲ့တာကြောင့် John ဟာ သူရဲ့အရက်ဖျော်စပ်တဲ့ အလုပ်ကနေ ထွက်လိုက်ပြီုဖစ်ပြီး လုပ်ငန်းကြီးတစ်ခု လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment