ကလေးမီးဖွားတယ်ဆိုတာ တော်တော်လေးကို အန္တရာယ်များတဲ့ အခိုက်အတန့်ပါ။ မီးဖွားနေချိန်အတွင်းမှာ သားဖွားမီးယပ်ဆရာဝန်တွေဟာ လုံးဝကို ပေါ့ဆလို့ မရပဲ တစ်ချက်လေး မှားလိုက်ပြီဆိုတာနဲ့ မိခင်ရဲ့အသက်ရော ကလေးရဲ့အသက်ကိုပါ ဆုံးရှံးစေနိုင်ပါတယ်။
ဒီလို အရမ်းကို အရေးပါလှတဲ့ တာဝန်မျိုးကို ယူထားရတဲ့ အိန္ဒိယနိုင်ငံ Jodhpur ခရိုင်က သားဖွားဆရာဝန်များဟာ ကိုယ်ဝန်ဆောင်လူနာရဲ့မီးဖွားမှုဖြစ်စဉ်ကို ဘေးကင်းစိတ်ချမှုရှိအောင် လုပ်ဆောင်ပေးရမယ့်အစား ကလေးမွေးဖွားနေချိန်မှာ သားဖွားဆရာဝန်နှစ်ဦးက အငြင်းအခုံ ဖြစ်နေခဲ့တာကြောင့် မွေးခါစ ကလေးငယ်လေးရဲ့အသက်ကို ဆုံးရှုံးခဲ့လိုက်ပါတယ်။
ထိုဆရာဝန်နှစ်ဦးဟာ ကိုယ်ဝန်ဆောင် သားဖွားနိုင်ဖို့အတွက် မလုပ်ဆောင်ပေးပဲ အချင်းချင်း စကားများနေခဲ့တဲ့အတွက် လုပ်ငန်းစဉ်တွေ နှောင့်နှေးခဲ့ရပြီး ကလေးငယ်မှာလည်း ဦးနှောက်လို ခနာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ရရှိမှုမရှိတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဆရာဝန်နှစ်ဦးရဲ့ ငြင်းခုံမှုဟာ နာရီဝက်ခန့်လောက်အထိကို ကြာမြင့်ခဲ့ရတာကြောင့် ကလေးငယ်ရဲ့အသက်ကို ဆုံးရှံးခဲ့ရတာဖြစ်ပြီး အငြင်းအခုံဖြစ်ခဲ့တဲ့ ဆရာဝန်နှစ်ဦးလုံးကို တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။ လက်ရှိမှာတော့ ဆရာဝန်နှစ်ဦးမှာ ဘယ်သူက အမှားကျူးလွန်းခဲ့သလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment